တေးသီချင်းကောင်းတွေနဲ့ လူငယ်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေရရှိထားတဲ့ အဆိုတော် နိုင်ဝမ်းကတော့ သူ့ရဲ့ ချစ်ရသူလေးကို သွယ်ဝိုက်ပြီးတော့ ချီကျူးလိုက်ပါတယ်..။

ချစ်သူဖြစ်သူက အခုခေတ်မိန်းကလေးတွေကြား ခေတ်စားနေတဲ့ အဖော်အလော်အဝတ်အစားတွေကို မဝတ်တတ်တာနဲ့ ပတ်သက်ပြီး ချီးကျူးပြောထားတာ ဖြစ်ပါတယ်..။

နိုင်းဝမ်းက ဒီဇင်ဘာ(၇)ရက်နေ့က သူအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားတာ တွေ့ရပါတယ်..။

“ရှိတယ် ရှိတယ်

အဖော်အလော်ဝတ်တဲ့တချို့ခေးလေးတွေမြင်ရင် ကိုယ့်မှာတခါတခါ သဘောကျမိလေတော့၊ ကိုယ့်ရည်းစားကိုလဲဝတ်စေချင်ပြီး ရင်ဟိုက်လေးတွေဝယ်ဝယ်ပေးပေမဲ့လို့

ကိုယ့်ရည်းစား May Myo Thu Kyaw တစ်ယောက်က ရေကူရင်တောင်တီရှပ်နဲ့ကူးပြီး၊ လည်ပင်းတောင်ဖြစ်နိုင်ရင်ဖုံးထားချင်သူဖြစ်နေလို့ အမှိုက်ပုံးထဲရောက်သွားတဲ့ အဖော်အလော်အကျႌတွေ အများကြီးရှိကိုရှိတယ်..” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ မိတ်ဆွေသူငယ်ချင်းများနဲ့ ပရိသတ်များကတော့ ချစ်သူကို ကြွားတယ်ဆိုပြီး Comment များနဲ့ ပြန်လည်စနောက်ထားတာ တွေ့ရပါတယ်..။

ချစ်သူသက်တမ်း(၈)နှစ်ကျော်ပြီ ဖြစ်တဲ့ သူတို့ချစ်သူနှစ်ဦးဟာ ဖျော်ဖြေပွဲများနဲ့ အခမ်းအနားပွဲတော်တော်များများကိုလည်း အတူ တတ်ရောက်တတ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ခရီးလေးတွေလည်း သွားတတ်ကြပါသေးတယ်..။

ပရိသတ်အချစ်တော် အဆိုတော် နိုင်းဝမ်းကတော့ ကိုယ့်ကိုချစ်တဲ့သူနဲ့ ကိုယ်ကချစ်တဲ့သူ ထပ်တူကျတဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

နိုင်းဝမ်းဟာ လတ်တလောမှာတော့ အခမ်းအနားပွဲများတတ်ရောက်နေပြီး ပြည်တွင်း ပြည်ပ ရှိုးပွဲတွေလည်း ဆက်တိုက် သီဆိုဖျော်ဖြေနေတယ်လို့ သိရပါတယ်..။

Source - နိုင်းဝမ်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။