မနက်ပေးအပ်ခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွက် Ballon d'Or ဆုကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှုး စီရော်နယ်ဒိုက ရရှိခဲ့တာလည်းဖြစ်ပါတယ်။စီရော်နယ်ဒိုဟာ ဒီဆုကိုရရှိခဲ့တဲ့အတွက် အရမ်းပဲပျော်ရွင်နေခဲ့တာဖြစ်ပြီး Ballon d'Or ဆုကိုလည်း နှစ်တိုင်းပဲရယူသွားချင်ပါတယ်လို့ ဆိုခဲ့ပါတယ်။ဒီဆုရရှိခဲ့တဲ့အတွက်လည်း ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေရော ပေါ်တူဂီအသင်းအသင်းဖော်တွေ အားလုံးကိုကျေးဇူးတင်ပါတယ်လို့ အင်တာဗျူးမှာဖြေကြားခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင်ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှုးမက်ဆီနဲ့လည်း ခုလိုမျိုးကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုတွေဆက်လက်လုပ်ဆောင်သွားချင်သေးပါတယ်။ရာသီတစ်ခုအဆုံးသတ်ချိန်မှာ ဘယ်သူကပိုကောင်းလဲဆိုတာ မဲပေးရွေးချယ်မှုတွေကို စောင့်ကြည့်ရတာဟာ တကယ်ကိုကျေနပ်ဖို့ကောင်းပါတယ်လို့ ဖြေကြားခဲ့ပါတယ်။ဒါ့အပြင်စီရော်နယ်ဒိုဟာ လက်ရှိကလေး လေးယောက်နဲ့ ကျွန်တော်အရမ်းပဲ ပျော်ရွင်နေမိပါတယ်။ဒါပေမဲ့ ကျွန်တော်လိုချင်တာကတော့ ရွှေဘောလုံးဆု ၇ ကြိမ်နဲ့ ကလေး ၇ ယောက်ဖြစ်တယ်လို့ ဆက်လက်ဖြေကြားခဲ့ပါတယ်။

စီရော်နယ်ဒိုက ဆက်လက်ပြီး ကျွန်တော် ရီးရဲလ်မက်ဒရစ်အသင်းမှာ ပျော်နေပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ ကစားပေးနိုင်တဲ့ အချိန်ထိ ဆက်လက်ကစားပေးသွားမှာပါ။PSG အသင်းကို ပြောင်းရွှေ့မလား မေးရင်တော့ no လို့ပဲ ဖြေပါရစေ။ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ ကစားသမားဘဝကိုအဆုံးသတ်သွားလိုပါတယ်လို့ ပြောကြားခဲ့ပါတယ်။

source - skynet sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။