ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီစိုးမြတ်နန္ဒာကတော့ အနုပညာ လုပ်ငန်းများ ပြန်လည်လုပ်ကိုင်လျက်ရှိပါတယ်။ တပ်မတော်ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ “ စစ်ကိုမုန်း၍တိုက်ခဲ့သည်” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာ သူမအပြင် ထူးအောင် ၊ စိုးပြည့်သဇင် ၊ သွန်းဆက်၊ ခက်ဝေမိုးတို့ပါဝင်ကာ သရုပ်ဆောင်ထားပါတယ်။

တပ်မတော်ဂုဏ်ပြုဇာတ်လမ်းတွဲဖြစ်တာကြောင့် အမှားအယွင်းမဖြစ်အောင်နဲ့ စနစ်တကျဖြစ် အောင် ကြိုတင်ပြင်ဆင်နေကြတာလို့ဆိုပါတယ်။ သူမရဲ့ FB မှာတော့ ယခုဇာတ်ကားနဲ့ ပတ်သက်တဲ့ စကားသံတစ်ချို့ကို အခုလိုပဲ ရေးသားထားပါတယ်။

“ ဒီကားဟာ ဘဝမှာ အပင်ပန်းဆုံးဖြစ်မလား”

“သေနတ်ကို စက္ကန့်(၂၀)အတွင်းဖြုတ်ခိုင်းတာ မိနစ် (၂၀)လောက်ကြာတယ် ..အရပ်ကူပါ လူဝိုင်းပါ” လို့ဆိုကာ စနောက်ကာ ရေးသားထားပါသေးတယ်။

ဒီဇာတ်ကားရိုက်ရတဲ့သူမတို့ကတော့ ပင်ပန်းနေပေမယ့်လည်း ပျော်ရွှင်နေပုံပါ။

ခက်ခဲကြမ်းတမ်းတဲ့ဇာတ်ရုပ်ကို သရုပ်ဆောင်ရတာဖြစ်တဲ့အပြင် ပုံမှန်သရုပ်ဆောင်နေ ကြဇာတ်လမ်း များနဲ့လည်း ကွဲပြားနေတာကြောင့် သူမအတွက် ပင်ပန်းမယ့် ဇာတ်လမ်းတစ်ခု ပါပဲ။ ဒါကြောင့် ဒီဇာတ်လမ်းလေးထွက်တဲ့အခါ စောင့်ကြည့်ဖို့မမေ့ပါနဲ့နော် ။

Socrce – Soe Myat Nandar FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။