MSI ၏ Laptop တွေကတော့ စျေးနှုန်းသင့်တင့်ကာ ကောင်းမွန်လှပါတယ်။ ဒါ့အပြင် MSI၏Gaming laptop တွေကလဲ စွမ်းဆောင်ရည်ကောင်းမွန်လှပါတယ်။ ဒါ့ကြောင့် သင်ဟာ Gaming Laptop ၀ယ်မယ်ဆိုရင် MSIကိုလည်း မမေ့ထားသင့်ပါဘူး။ ယခုအခါမှာ Gamerများ နှင့် စွမ်းရည်မြင့် ဒီဇိုင်းသမား ဗီဒီယိုသမားတွေအတွက် Laptop တစ်လုံးကို ဖော်ပြပေးသွားမှာပါ။

ဒီ Laptop ကတော့ Gaming Laptop တစ်လုံးဖြစ်ကာ နာမည်ကတော့ MSI GS63VR 6RF Stealth Pro ပဲဖြစ်ပါတယ်။ ပါ၀င်တဲ့ CPUကတော့ 6th Generation Core i7 ဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မြင့် သုံးနိုင်ဖို့ Graphic Card အဖြစ် GTX 1060 ကိုအသုံးပြုထားပါတယ်။ Laptop ၏ Screen အရွယ်အစားကတော့ 16.5 လက်မဖြစ်ပါတယ်။ Laptopမှာအသုံးပြုထားတဲ့ Keyboard ကတော့ SteelSeries ကထုတ်လုပ်ထားတဲ့ Keyboardပဲဖြစ်ပါတယ်။ 

ဒါ့ကြောင့် သင့်ကို ကောင်းမွန်တဲ့ အထိအတွေ့ပေးနိုင်မှာပဲဖြစ်ပါတယ်။ စက်၏ RAM ကတော့ 16 GB Ram ဖြစ်တာကြောင့် အလုပ်တွေကို မြန်ဆန်စေမှာပါ။ သိုလှောင်နိုင်စွမ်းအဖြစ် 256GB SDDနှင့် 1TB HDD ပါ၀င်တာကြောင့် Dataများစွာကို သိမ်းထားနိုင်ပါတယ်။ Performance ကောင်းတဲ့ Gaming Laptop တစ်လုံးဖြစ်တာနှင့်အညီ စျေးကလဲ မသေးလှပါဘူး။ MSI ၏ GS63VR 6RF Stealth Pro စျေးနှုန်းကတော့ ဒေါ်လာ၁၈၀၀ဖြစ်ပါတယ်။

Hein (Mg Lu Aye)

Source – Laptopmag 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။