PlayStation 4 ကတော့ နာမည်ကျော် Japan ကုမ္ပဏီ Sony ၏ ကမ္ဘာကျော် ထုတ်ကုန်တစ်ခုပဲဖြစ်ပါတယ်။ PlayStation ဂိမ်းစက်တွေကို Sony ကထုတ်လုပ်ခြင်းဖြင့် တစ်နှစ်တစ်နှစ် ၀င်ငွေရှာနိုင်ခဲ့ပါတယ်။ PlayStation 4 ကတော့ Sony ကနေ နောက်ဆုံးထုတ်လုပ်ထားတဲ့ ဂိမ်းစက်ပဲဖြစ်ပါတယ် ။ PlayStation 4 ကတော့ အထူးကိုအောင်မြင်ခဲ့ပါတယ်။ 

PlayStation 4 ကို ၂၀၁၃ နိုဝင်ဘာလက မြောက်အမေရိကတွင် စတင်ရောင်းချခဲ့တာပါ။ PlayStation 4 အတွက် Exclusive ထွက်ရှိထားတဲ့ Games တွေကြောင့်လည်း PlayStation 4 ကအထူးရောင်းကောင်းခဲ့ပါတယ်။ Uncharted လို Horizon Zero Dawn လို Game တွေက PlayStation 4 ရောင်းကောင်းခဲ့ရတာ၏ သာဓက အချို့ပါပဲ။ PlayStation 4 ကတော့ နောက်ပိုင်းမှာ Version အမြင့်တွေထပ်မံထွက်လာခဲ့ပါတယ်။

Sony အနေဖြင့် PlayStation 4 Pro ကို ၂၀၁၆ စက်တင်ဘာက မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ စက်ကတော့ ရုပ်ထွက်ကို 4K Resolution ထိတင်ပြီး ဆော့ကစားနိုင်ပါတယ်။ ယခုအခါမှာတော့ ကမ္ဘာတစ်ဝန်းမှာ PS 4 အလုံးရေသန်းရ၀ကျော်ရောင်းခဲ့ရပြီဖြစ်တယ်လို့သိရှိရပါတယ်။ Sony အနေဖြင့် PlayStation 4 အလုံးရေပေါင်း ရ၀.၆သန်းကျော်ထိရောင်းနိုင်ခဲ့တာပါ။

Hein (Mg Lu Aye)

Source – KOTAKU

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။