ထက်ထက်မိုးဦး လို့ပြောလိုက်တာနဲ့ ကြော်ငြာဘုရင်မ လို့ ပရိသတ်တိုင်းက သိထားကြပါတယ်။

ကြော်ငြာလောကမှာ သူမရဲ့ ချစ်စဖွယ်ဟန်ပန်အမူအရာလေးတွေနဲ့ TV ဖန်သားပြင်ပေါ် လွှမ်းမိုးထားနိုင်သူလေးဖြစ်ပြီး ပရိသတ်ချစ်ခင်အားပေးမှုတွေယနေ့ထိ ရနေသေးတဲ့ မင်းသမီးတစ်လက်ပါပဲ။

တစ်ချိန်က လူကြိုက်များအားပေးခဲ့တဲ့ ထိပ်တန်းမင်းသမီးစာရင်းဝင် ထက်ထက် ဟာ လက်တလောမှာတော့ တော်ဝင်ဇမ္ဗူ ပိုးထည်တိုက်အတွက် ကြော်ငြာရိုက်ကူးပေးထားတယ်လို့သိရပါတယ်။ပိုးထည်ဝမ်းစက်လေးတွေ ၀တ်ဆင်ထားပြီး နုပျိုလှပနေတဲ့ သူမရဲ့ မျက်နှာလေးက ကျက်သရေရှိရှိ လှနေတာဖြစ်ပါတယ်။

အခုလို လှပြီးသားဖြစ်တဲ့ ထက်ထက်ကို မိတ်ကပ်ပြင်ဆင်ပေးထားတာကတော့ Aroma က ဖြစ်ပြီး ထက်ထက်ကို လူတောင်မှားသွားလောက်အောင် ပြင်ဆင်ပေးထားတာဖြစ်ပါတယ်။သမီးလေးစစ်လွန်းဝတီထက်ရဲ့ မေမေဖြစ်တဲ့ ထက်ထက် ဟာ အနုပညာအလုပ်တွေဆက်တိုက်နေရပေမယ့်လည်း သူမမှာ အရေပြားလေးဖက်နာကို ကုသမှုခံယူနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ပရိသတ်တွေကတော့ ထက်ထက်ရဲ့ ကျန်းမာရေးကိုပိုပြီး စိတ်ပူပေးနေကြပြီး သူမကို အရင်လိုပဲ အချစ်တွေမလျော့သေးတာတွေ့ရပါတယ်။

ထက်ထက်ရဲ့ ချစ်စဖွယ်ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။

Source : Aroma 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။