သင်နေထိုင်နေသော ကမ္ဘာကြီးကို အတွင်းအကျဆုံး အပိုင်းမှ အပြင်ဘက်ဆုံး အပိုင်းသို့ ကြည့် ကြည့်မယ်ဆိုလျှင်ကမ္ဘာကြီးရဲ့ အတွင်းအကျဆုံးပိုင်းမှာတော့ အချင်းဝက် ၁၂၂၀ ကီလိုမီတာ (မိုင် ရ၆၀) ရှိပြီး သံ နှင့် နီကယ် အဓိက ပါဝင်ဖွဲ့စည်းထားတဲ့ မာကျောတဲ့ အလုံးကြီး တစ်ခုရှိပါတယ်။ အဲ့ဒါကို ဗဟိုထု (အင်္ဂလိပ်လို Core) လို့ ခေါ်ပါတယ်။ အပူချိန်ကတော့ နေ မျက်နှာပြင် အပူချိန်နဲ့အတူတူပါဘဲ။ ၅၄၀၀ ဒီဂရီ စင်တီဂရိတ် ရှိပါတယ်။

မာကျောတဲ့ အတွင်းအကျဆုံးအပိုင်းကို Inner Core လို့ခေါ်ပါတယ်။ သူ့ရဲ့ အပြင်အလွှာမှာတော့ Outer Core လို့ခေါ်တဲ့ ချော်ရည်ပူများရှိပြီး ထိုအလွှာကို Mantle လို့ခေါ်တဲ့ ပျော့ဖတ်ဖတ် အလယ်အလွှာတစ်ခုက အုပ်ထားပါတယ်။ Mantle အလွှာထဲမှာ မက်ဂနီဆီယမ် နဲ့ အိုင်းယွန်း ကြွယ်ဝတဲ့ silicate ကျောက် (အပျော့)တွေ အများဆုံး ပါဝင်ဖွဲ့စည်းထားတယ်။

အဲ့ဒီ့ပျော့ဖတ်ဖတ် Mantle အလွှာပေါ်မှာ ရှိနေတာ (တနည်း) ဘောလောမောေျနတာ ကတော့ မာကျောတဲ့ မြေသား အပိုင်းများဖြစ်ပါတယ်။ Crust လို့ခေါ်တယ်..။ ကျောက်လွှာ (အချပ်) တွေပေါ့..။ ငလျင်လှုပ်တယ်ဆိုတာ အဲ့ဒီ့ ကျောက်လွှာတွေ ပြတ်ရွေ့ခြင်းက ဖြစ်ပါတယ်။ တခါတလေမှာ.. အဲ့ဒီ့မျောနေတဲ့ ကျောက်လွှာတွေ တစ်ခုနဲ့ တစ်ခု တိုက်မိကြပြန်၊ ထပ်သွားကြပြန်တော့.. တောင်တွေ ဖြစ်လာကြပြန်ရော..။

အဲ့ဒီ့လို မတည်ငြိမ်တဲ့ ကျောက်လွှာတွေပေါ်မှာတော့ ပင်လယ်၊ သမုဒ္ဒရာတွေ နဲ့ အပင်တွေ၊ ကျနော်တို့ လူသားတွေ ရှင်သန် ရပ်တည်နေကြပါတယ်..။

သိပ္ပံပညာကို လေ့လာကြတဲ့အခါမှာ သိပ္ပံအမြင်နဲ့ပဲ လေ့လာစေချင်ပါတယ်။ ဒီပို့စ်ကို ပထမတစ်ခါတင်တုန်းက ငရဲပြည်ဘယ်မှာလဲလို့ လာမေးကြလို့ပါ။

ဂယ်လီလီယိုတို့လို ၁၆ ရာစုက သိပ္ပံပညာရှင်ကြီးတွေ အကြောင်းမဲ့ သေဆုံးရခြင်း၊ ထောင်သွင်းအကျဉ်းချရခြင်း၊ ကနောင်မင်းသားလို သိပ္ပံပညာရှင်တွေ အခွင့်အရေးမရခဲ့ခြင်းဟာ ဘာသာရေး အယူအဆတွေနဲ့ ရောထွေးသွားခြင်းကြောင့်ဖြစ်ပါတယ်။

ကျနော်တို့ သိပ္ပံပညာက ဘာသာရေးလောက် မနက်ရှိုင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့.. နောင်ဘဝမှာ ဘာဖြစ်မလဲဆိုတာ သိပ္ပံပညာနဲ့ မသိရှိနိုင်လို့ပါပဲ..။ ဒါပေမယ့် လက်ရှိသဘာဝမှာ ဘာတွေဖြစ်နေသလဲ၊ ဘာတွေ ဖြစ်လာနိုင်သလဲဆိုတာကိုတော့ သိပ္ပံပညာက ပြောပြနိုင်ပါလိမ့်မယ်..။

အနာဂတ် လူငယ်များအတွက်..

source - သန့်ဦး (အာကာသနှင့် စကြဝဠာ) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။