နာမည်ကျော်သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်သူ နေတိုးဟာ သူနောက်ဆုံးရိုက်ကူးပြီးခဲ့တဲ့ ဇာတ်ကား ဖြစ်တဲ့ “ ထာဝရအမေ ” ဇာတ်ကားရဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ အဓိကဇာတ်ဆောင်တွေအနေနဲ့ နေတိုး၊ ရဲအောင်၊ မေသန်း နု နဲ့ ဝတ်မှုန်ရွှေရည် တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို နာမည်ကြီးဒါရိုက်တာ တစ်ဦးဖြစ်တဲ့ စင်ရော်မောင်မောင်က ရိုက်ကူးထားတာဖြစ်ပြီး အမေရိ ကန်၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ၊ အင်္ဂလန် စတဲ့ နိုင်ငံငါးနိုင်မှာ ပြသမှာဖြစ်ပါတယ်။ ဇာတ် ကား ရဲ့ရိုက်ကွင်းရိုက်ကွက်တွေကလည်း အဆင့်မြင့်မြင့် ရိုက်ကူးထားတာဖြစ်ပြီး မိခင်မေတ္ တာကိုအပြည့်အဝဖော်ကျူးထားတဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။

နာမည်ကျော်မင်းသားမင်းသမီးလေးယောက်စုံညီရိုက်ကူးထားပြီး တကယ့်ကိုအဓိပ္ပါယ် ပြည့် ဝတဲ့ ဇာတ်ကားတစ်ကေားဖြစ်တာကြောင့် ပရိတ်သတ်တွေအကြိုက်တွေ့မယ့် ဇာတ်ကားဖြစ် မှာ အသေအချာပါပဲ။ ဟာသကားတွေခေတ်စားနေတဲ့ကြားထဲကမှ ဒီလို Drama ဇာတ် ကားကောင်းတွေကို ဖန်တီးသူအနုပညာရှင်တွေက ဘယ်လိုတွေအကောင်းဆုံး ပုံဖော်ထု ဆစ်ထားမလည်းဆိုတာကတော့ စိတ်ဝင်စားစရာတော်တော်ကောင်းပါတယ် ပရိတ်သတ်ကြီး ရေ။ အကယ်ဒမီရွှေစင်ရုပ်ထုကို ပိုင်ဆိုင်ပြီး သား ဝါရင့်သရုပ်ဆောင်လေးဦး စုံညီတဲ့ဇာတ် ကားတစ်ကားဖြစ်ပြီး နာမည်ကြီးဒါရိုက်တာက ပုံဖော်ထားကာ နိုင်ငံငါးနိုင်မှာပါ ပြသမယ့် ဇာတ်ကားဖြစ်တာကြောင့် ပရိတ်သတ်တွေ အထူးစိတ်ဝင်စားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါ တယ်။

မင်းသားမင်းသမီးဖြစ်ကြတဲ့ အထိုုက်အလျောက်တော့ လှပမှုနဲ့အဝတ်အစားတွေက ပြော စရာ မလိုအောင် လိုက်ဖက်တင့်တယ်နေကြတယ်ဆိုတာ ပရိတ်သတ်ကြီးပုံတွေမြင်တာနဲ့ သိနှင့်နေလောက်ပြီထင်ပါတယ်။ Drama ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ “ ထာဝရအမေ ” ရုပ်ရှင်ကားရဲ့ ဂုဏ်ပြုညစာစားပွဲမှ နာမည်ကျော်တွေရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက် ပြီနော်။

Photo – Nay Toe’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။