နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းစုရတီစိုးတစ်ယောက် သူမရဲ့ရုံးခန်း လေးဟာ ဆောက်လုပ်ပြီးဆင်ပြီးသွားပြီဖြစ်ပြီး ရုံးခန်းလေးရဲ့သန့်ရှင်းသပ်ရပ်မှုကြောင့် စိတ် ချမ်းမြေ့နေပါတယ်။ သူမအနေနဲ့ ဘယ်လိုစီးပွားရေးလုပ်ဖို့ ရုံးခန်းဆောက်လုပ်တယ်ဆိုတာ ကိုတော့ အတိအကျမသိရသေး ပါဘူး။ သူမရဲ့ရုံးခန်းအသစ်လေးထဲမှာ အပြာရောင်ဒူးဖုံး ဂါဝန်လေးကို ခါးလည်က ခါးပတ်အဖြူရောင် လေးပတ်ထားပြီး ဝတ်ဆင်ထားတဲ့သူမရဲ့ပုံစံက တည်တည်ငြိမ်ငြိမ်လေးနဲ့ ကြည့်ကောင်းနေပါတယ်။ ပြည်သူ့အချစ်တော်အဆိုတော်မလေး တစ်ယောက် ဘယ်လိုစီးပွားသစ်တွေချဲ့ထွင်မလည်းဆိုတာ စိတ်ဝင်စားစရာပါပဲ ပရိတ်သတ် ကြီးရေ။

သူမရဲ့ Facebook မှာ “နန်းဆုရဲ့ရုံးခန်းလေးကို နန်းဆု စိတ်ကြိုက် အမိုက်စား အလန်းစား အလှဆင် ပေးပါသော Dream Deco Co.,Ltd ကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့် စိတ်တိုင်းကျသည်အထိ ကူစဉ်းစားပေး ,ဒီဇီုင်းဆွဲပေး ပြီး စိတ်ချရတဲ့ quality အကောင်းဆုံး ပစ္စည်းတွေသာ သုံးပေးတဲ့ အပြင် လက်ရာကလည်း သေသပ်ကောင်းမွန်လို့ စိတ်ကျေနပ် မှုရှိရပါတယ်” ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ရုံးခန်းလေးရဲ့အပြင်အဆင်ဟာလည်း တကယ်ကိုသန့်ရှင်းသပ်ရပ်ပြီး စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင် တဲ့ ပုံစံမျိုးဖြစ်နေတာပါ ပရိတ်သတ်ကြီးရေ။ နန်းစုတစ်ယောက်ကျေနပ်မယ်ဆို ကျေနပ်စရာပါပဲ။

သူမရဲ့ရုံးခန်းအသစ်စက်စက်လေးထဲမှာ ရုံးဝန်ထမ်းပုံစံဝတ်စုံလေးနဲ့ ချစ်စရာကောင်းတဲ့ အလှပုံလေး တွေကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ နန်းစုရဲ့ချစ်စရာကောင်းတဲ့ ရိုးရှင်းတဲ့ အလှပုံရိပ်လေးတွေနဲ့ သူမရဲ့သန့်ရှင်းသပ်ရပ်တဲ့ ရုံးခန်းအပြင်အဆင်ပုံရိပ်တွေကို ပရိတ် သတ်ကြီးအတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

Photo – Nan Su Yati’s Soe FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။