နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မအေးသောင်းတစ်ယောက် ကိုရီးယားနိုင်ငံကို Samsung Quiz Show Myanmar 2017 ပွဲအတွက်ရောက်ရှိနေတာဆိုရင် ရက်အနည်း ငယ်ရှိနေပြီ ဖြစ်ပါတယ်။ သူမဟာ ယခင်ကတည်းကနာမည်ရရှိပြီးသား သရုပ်ဆောင်တစ် ဦးဖြစ်ပြီး နှင်းဝတ်ရည်သောင်းနဲ့ အေးဝတ်ရည်သောင်းဆိုတဲ့ ညီမနှစ်ယောက်အတူတူ အနု ပညာလောကမှာ ကြိုးစားလာခဲ့ကြတာ ဖြစ်ပါတယ်။ အချိန်အတော်ကြာ အနုပညာလောက ကနေ ပျောက်ကွယ်သွားပြီး ယခုလို ပြန်လည် ဝင်ရောက်လာချိန်မှာတော့ အေးဝတ်ရည် သောင်းဆိုတဲ့နာမည်ကနေ မအေးသောင်းဆိုတဲ့ နာမည်ကို ကူးပြောင်းပြီး ပရိတ်သတ်တွေရဲ့ အချစ်ကို ထပ်မံသိမ်းကြုံးယူခဲ့သူတစ်ဦးပါပဲ။

သူမရဲ့အမဖြစ်သူ နှင်းဝတ်ရည်သောင်းကတော့ အင်္ဂလန်နိုင်ငံမှာ ရုံးဝန်ထမ်းအဖြစ် အလုပ်လုပ် နေတာပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဘဝကိုယ်စီနဲ့ အဆင်ပြေပြေဖြတ်သန်းနေတဲ့ ညီမ နှစ်ယောက်ကို မြင်ရတာ စိတ်ချမ်းသာစရာပါပဲ ပရိတ်သတ်ကြီးရေ။ အေးဝတ်ရည်သောင်း ကနေ ယခုမအေးသောင်း အဖြစ်နဲ့ အနုပညာလောကကို တဖန်ပြန်လည်ဝင်ရောက်လာတော့ လည်း ပရိတ်သတ်တွေက ချစ်ခင်ပြီး လက်ခံအားပေးနေဆဲဖြစ်ပါတယ်။ အသက်သုံးဆယ် ကျော်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင် ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမက သူမရဲ့ Facebook မှာ “ကိုယ်အပြုံးတွေအသက်ဝင်နေတာမင်းကြောင့်ပဲ။” ဆိုတဲ့ စာလေးနဲ့ သူမရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို တွဲဖက်ပြီးတင်ထားတာဖြစ်ပါတယ်။ ချမ်းအေးလွန်းတဲ့ ကိုရီးယားနိုင်ငံနဲ့ လိုက်ဖက်စွာပဲ ရေညှိအောင်ဆွယ်တာလေးနဲ့ ဂျင်းဘော င်းဘီအရှည်ကို တွဲဖက် ဝတ်ဆင်ထားပြီး ခပ်ပြုံးပြုံးလေးနဲ့ဓာတ်ပုံရိုက်ကူးနေတဲ့ သူမရဲ့ပုံရိပ် တွေက ပရိတ်သတ်တွေရဲ့ အချစ်ကို ထပ်မံဆွဲယူလိုက်သလိုပါပဲ။ မအေးသောင်းရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးဆီ အရောက်ပို့ပေးလိုက်ပြီနော်။

Photo – Aye Thaung’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။