အဆိုတော် ချောစုခင်ရဲ့ ချစ်ပရိသတ်တွေအတွက် သတင်းကောင်းလေး တစ်ခုပါးချင်ပါတယ်..

အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုတွေရှိထားတဲ့ အဆိုတော် ချောစုခင်ဟာ မကြာခင်မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်..။

သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကြီးကိုတော့ လာမယ့် (၂၀၁၈)ခုနှစ် ဇန်နဝါရီ (၃၁) ရက်နေ့မှာ ပြုလုပ်ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

ဒီနေ့ ဒီဇင်ဘာ(၈)ရက်နေ့မှာတော့ တစ်ကိုယ်တော် ဖျော်ဖြေပွဲလေးအတွက် ဆွေးနွေးနေမှုတွေ ပြုလုပ်နေတယ်လို့ ချောစုခင်က သူမရဲ့ fb စာမျက်နှာ လွန်ခဲ့တဲ့ နာရီပိုင်းလောက်က ရေးသားထားတာ ဖြစ်ပါတယ်..။

တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် တေးသီချင်းများကို တေးရေးဆရာများနဲ့ ဆွေးနွေးနေပြီး သူမရဲ့ ဖျော်ဖြေပွဲလေးအတွက်လည်း ရင်တွေခုန်နေတယ်လို့ ဆိုပါတယ်..။

“မနေ့ က ၁လပိုင်း ၃၁ ရက်နေ့ ၂၀၁၈ မှာ လုပ်မယ် ချောစုရဲ့ တစ်ကိုယ်တော်ရှိူးလေးအတွက် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်..။

ဒူးတိုက်မဟုတ်ဖူး ခေါင်းတိုက်ဆွေးနွေးပွဲပါ... ရင်တွေ တုန်တယ်လေ..” လို့ သူမရဲ့ fb စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ အစီအစဉ်လေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းလောက်ကတည်းက ပရိသတ်တွေ အသိပေးထားတာ ဖြစ်ပါတယ်..။

ဘယ်သီချင်းတွေကို ဆိုစေချင်ပြီး ဘယ်သူတွေနဲ့ တွဲဆိုတာ နားထောင်ချင်လဲလို့လည်း သူမက ပရိသတ်တွေကို မေးထားပါသေးတယ်..။

ချောစုခင်ဟာ သူမရဲ့ အသံပါဝါကောင်းကောင်းနဲ့ တေးသီချင်းကောင်းလေးတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်..။

လတ်တလောမှာတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့ပေမယ့် မကြာခင် တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေဆီ ပြန်လည်ရောက်လာတော့မှာ ဖြစ်တဲ့အတွက် ပရိသတ်တွေအတွက်ကတော့ သတင်းကောင်းလေး တစ်ခုပါပဲ..။

Source - ချောစုခင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။