မျက်ကပ်မှန်ကလည်း မျက်ဝန်းထောက်ပမှုကို ထောက်ပံ့ပေးတဲ့ အလှပြင် ပစ္စည်း တစ်ခုပါပဲ။ မိန်းခလေးတချို့ကတော့ မျက်ကပ်မှန်ကို လွယ်ကူစွာသုံးတက်ကြသလို တချို့မိန်းခလေးများကတော့ မျက်ကပ်မှန်ကို တပ်ရမှာကို စိုးရိမ်ကြလေ့ရှိပါတယ်။ တကယ်တော့ မျက်ကပ်မှန်က မျက်ဝန်းအရောင် ကိုပြောင်းလဲပေးတာ ကြောင့် အသွင်သစ် တစ်မျိုးနဲ့ ထူးခြားတဲ့လှပမှုကို ရရှိစေပါတယ်။ မျက်ကပ်မှန်က Eye Liner နဲ့ Eye Shadow ခြယ်သရတဲ့အချိန်တွေကို သက်သာစေပါတယ်။

အလိုက်ဖက်ဆုံးဖြစ်မယ့် မျက်ကပ်မှန် ကာလာလေးတွေကိုလည်း ပြောပြပေးထားပါတယ်။ Sunny Brown, Cirtrus Brown, Misty Gray, Light Brown, Standard Brown နဲ့ Dark Brown တို့လို အညှိရောင်ဘက်သွားတဲ့ကာလာတွေ က မျက်နှာမရွေး လိုက်ဖက်မှုရှိပါတယ်။

ဒီလိုမှမဟုတ်ဘဲ အရောင်ကာလာဆန်းဆန်းများကို သုံးမယ်ဆိုလည်း ရပါသေးတယ်။ ဒီကာလာအရောင်တွေ ကတော့ Gray, Amethyst, Blue, Green, Honey, Sterling Gray ဆိုတဲ့ ကာလာတွေပဲ ဖြစ်ပါတယ်။ အခြားကာလာဆန်းတွေလည်းအများကြီးရှိပါသေးတယ်။ ဒါပေမယ့် ဒီကာလာအရောက်တွေကတော့ နေရာဒေသရွေးသလို မျက်နှာမှာခြယ်သ ထားတဲ့ မိတ်ကပ်ပေါ် မူတည်တာမို့ သတိထားဖို့တော့လိုပါတယ်။

ဒါဆိုရင် မျက်ကပ်မှန်လေးနဲ့ လန်းလိုက်ရအောင်။

Photo - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။