စာရေးဆရာမ လမင်းမိုမိုရဲ့ နာမည်ကြီး လူကြိုက်များခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ "အာဒမ်များနဲ့ နံရိုးများ" ဇာတ်ကားကို လက်ရှိမှာ ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးနေကြောင်း သိရပါတယ်။ ဒီဇာတ်ကားကြီးမှာတော့ နာမည်ကြီး အနုပညာတွေဖြစ်ကြတဲ့ လူမင်း ပြေတီဦး မင်းမော်ကွန်း ထွန်းအိန္ဒြာဗို အိန္ဒြာကျော်ဇင် မိုးဟေကို နဲ့ မေပန်းချီတို့က ပါဝင်ရိုက်ကူးလျက် ရှိတယ်လို့ သိရပါတယ်။ 

ဒီ ဇာတ်ကားဟာ လူမှုကွန်ယက်ပေါ်မှာ ပရိသတ်စိတ်ဝင်စားမှု အပြည့်အဝရရှိလို့ ထားပါတယ်။ စုံတွဲတစ်တွဲစီရဲ့ မတူညီတဲ့ ပုံစံတွေနဲ့ ပရိသတ်ကို ဘဝအမောတွေ ပြေပျောက်ရယ်မောစေမဲ့ ဒီဇာတ်ကားကြီးကိုတော့ စတင်ရိုက်ကူးနေပြီဖြစ်ပြီး ရိုက်ကွင်းမှ ပုံရိပ်အချို့ကိုတော့ မေပန်းချီက သူမရဲ့ လူမှုစာမျက်နှာမှာ တင်လို့ထားတာတွေ့ရပါတယ်။ 

မေပန်းချီကတော့ သူမရဲ့ လူမှုစာမျက်နှာမှာ "Today အာဒံများနှင့် နံရိုးများ ရှုတင်" ဆိုပြီး သူမနဲ့အတူ မင်းသားတွေ ဖြစ်ကြတဲ့ လူမင်း မင်းမော်ကွန်းနဲ့ ပြေတီဦးတို့ပါဝင်တဲ့ ရိုက်ကွင်းပုံရိပ်အချို့ကိုတင်ထားခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ လူမင်းနဲ့ အူဝဲကတစ်တွဲ ပြေတီဦးနဲ့ မိုးဟေကိုကတစ်တွဲ မင်းမော်ကွန်းနဲ့ ထွန်းအိန္ဒြာဗိုလ်က တစ်တွဲနဲ့ စုစုပေါင်းသုံးတွဲက ပရိသတ်အကြိုက်ဖြစ်အောင် ဘယ်လိုတွေ တင်ဆက်ကြမလည်းဆိုတာကိုတော့ စောင့်ကြည့်ကြရအောင်နော်.......

Source: May Pan Che

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။