"ငါကဗိုလ်အောင်ဒင်" ဆိုတဲ့ သီချင်းလေးနဲ့ တစ်နိုင်ငံလုံးကပရိသတ်တွေ ရင်ထဲ ထိုးဖောက် လာခဲ့တဲ့ တေးသံရှင် မနောကို မကြာခင်မှာ ပရိသတ်တွေ မြင်တွေ့နေကြမဟုတ်

တဲ့ပုံစံ သစ်တစ်မျိုးနဲ့ မြင်တွေ့ရ တော့မှာပဲ ဖြစ်ပါတယ်။ပရိသတ်အကြိုက် တေးသီချင်း တွေကိုသာ သီဆို လေ့ရှိ တဲ့မနောကို ဒီတစ်ခေါက်မှာတော့ ထူးထူးခြားခြား တီဗီဖန်သားပြင် ပေါ်မှာမြင်တွေ့ ရမှာပဲဖြစ်ပါတယ်။

ပရိသတ်တွေကလဲ ဘယ်လို ထူးခြားမှု တွေနဲ့ မနောရဲ့ အနုပညာ ခြေလှမ်း အသစ်တွေကို စိတ်ဝင်စား နေလောက်မယ် ထင်ပါတယ်။ 

ပရိသတ်အချစ်တော် မနောဟာ အနုပညာ ခြေလှမ်း အသစ်အနေနဲ့ တီဗီ ကြော်ငြာလေး ရိုက်ကူးနေ တာပဲဖြစ်ပါတယ်။ 

ပရိသတ်တွေရဲ့ နေစဉ် ဘဝမှာ အသုံးပြုနေရတဲ့ လျပ်စစ်ပစ္စည်း လေးတွေကို ကြော်ငြာလေး ရိုက်ကူးပုံဖော် ပေးနေတာပဲဖြစ်ပါတယ်။

သူရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်ခ် မှာလဲ ဒီနေ့ကြော်ငြာ ရိုက်ဖြစ်တယ် ဗျာ လျှပ်စစ် ပစ္စည်းလေး တွေပေါ့ သာယာ ပျော်ရွှင်ပါစေဗျာ မောင်မနော" ဆိုတဲ့ စာသားလေးနဲ့ အတူ ကြော်ငြာရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေ မျှဝေထားတာ ပဲဖြစါပါတယ်။

မနောရဲ့ လက်တလော အနုပညာ လှုပ်ရှားမှုကတော့ နယ်ပွဲလေးတွေ သွားရောက်ဖျော်ဖြေ ဖြစ်နေတယ်လို့ သိရပါတယ်။

 ချစ်ပရိသတ်တွေ အတွက်လဲ တေးသီချင်းအသစ်တွေ ထပ်မံ တင်ဆက် နိုင်ဖို့ အကောင်းဆုံး ကြိုးစားနေတယ်လို့လဲ ဆိုပါတယ်။

မကြာခင်မှာ မတူညီနဲ့အသွင် အသစ်နဲ့ မြင်တွေ့ ရတော့မယ့် ပရိသတ်အချစ်တော် တေးသံရှင် မနောရဲ့ ကြော်ငြာ ရိုက်ကွင်းလေးမှ ပုံရိပ်လေးတွေကို ပရိသတ်တွေ အကြိုခံစား ကြည့်ရှု့ နိုင်ရန် မျှဝေ ပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - မနော

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။