ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အဆိုတော် ဝါရင့်သရုပ်ဆောင် မင်းသမီး ထွန်းအိန္ဒြာဗိုလ်ဟာ သူမရဲ့ မွေးရပ်မြေမှာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

သူမရဲ့ ဇာတိမြို့ဖြစ်တဲ့ မိုးကုတ်မြို့မှာ ဒေသခံများကို အနွေးထည် နှင့် အဝတ်အစားများ ပေးအပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

ထို့ပြင် မိဘမဲ့ကလေးများအတွက် အလှူငွေများ လှူဒါန်းခဲ့ပြီး သံဃာတော်များကိုလည်း ဝတ္တုငွေများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

“ကိုယ်ချင်းစာတရားက ဖြစ်ပေါ်လာတဲ့ .. ဒါန တွေပါရှင်..” ဆိုပြီး သူမရဲ့ လှူဒါန်းမှုလေးကို ပြန်လည်မျှဝေထားပါသေးတယ်..။

မင်းသမီး ထွန်းအိန္ဒြာဗိုလ်ဟာ ပြီးခဲ့တဲ့ ရက်ပိုုင်းလောက်က မိုးကုတ်မြို့ကို ရောက်ရှိနေတာဖြစ်ပြီး အခုလို လှူဒါန်းမှုများကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၈)ရက်နေ့ကလည်း သူမရဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားတာ တွေ့ရပါတယ်..။

“ကိုးကွယ်ယုံကြည်မှု မတူညီကြသော်လည်း ..တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်စည်းလုံးစွာ ..အတူနေထိုင်နေကြခြင်းဟာ .. ကျမတို့မိုးကုတ်မြို့ရဲ့ ထူးခြားတဲ့ ဝိသေသတခုပါပဲ..။

နိုင်ငံ့ အတွက်လိုအပ်လာတဲ့ အခါတိုင်းမှာလဲ လူမျိုးတွေ ဘာသာတွေ ဘေးချိတ်ပြီး .. နိုင်ငံသားတွေ အဖြစ် စည်းလုံးညီညွတ်ကြပါတယ်..။

ကျမတို့ အဖွဲ့ ကို လှိုက်လှဲစွာ ကြိုဆိုကြသော .. ရပ်မိရပ်ဖများ ...

တိုင်းရင်းသားများ ...

စီစဉ်ပေးကြသော မိတ်ဆွေများ အားလုံး ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် ...” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

ထွန်းအိန္ဒြာဗိုလ်ဟာ အဆိုတော် တစ်ယောက်အဖြစ် တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်ချစ်ခင်အားပေးမှုတွေရရှိထားပြီး သရုပ်ဆောင်ပိုင်းမှာလည်း သူမရဲ့ ကျွမ်းကျင်ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်...။

နောက်ပိုင်းမှာ အနုပညာအလုပ်တွေ နည်းပါးသွားပေမယ့်လည်း သူမရဲ့ တေးသီချင်းကောင်းလေးတွေကတော့ ယနေ့တိုင် ပရိသတ်တွေရင်ထဲ စွဲကျန်နေတာ တွေ့ရပါတယ်..။

Source - ထွန်းအိန္ဒြာဗိုလ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။