အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာတစ်ခုရရှိထားသူတွေထဲမှာ ရွှေအိမ်စည် ဟာ ချန်လှပ်ထားခဲ့လို့မရတဲ့ သူတစ်ဦးဖြစ်ပါတယ်။ Miss Grand International 2017 ဆုကို ရရှိခဲ့တဲ့ သူမဟာ ထိုပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခွင့် မရခဲ့ပေမဲ့ ပရိသတ်တွေရဲ့ Winner ဆုကိုတော့ ရရှိခဲ့ပါတယ်။ 

ရွှေအိမ်စည်ဟာ Sunday Journal ရဲ့ အင်တာဗျူးမှာ ကိုအေးနေဝင်းနဲ့ တွဲနေတဲ့အပေါ် ယခုလို ပွင့်ပွင့်လင်းလင်းဖြေခဲ့တာတွေ့ရပါတယ်။

"ဖုံးကွယ်ထားလို့ မရတဲ့အရာတွေဆိုတာ ရှိတယ်။ အမှန်တရားက ထိပ်ဆုံးကပေါ့။ အဲ့ထဲမှာ ကိုယ်ဘက်ကနေပြီးတော့ ဘယ်လောက်ပဲ ပိပိရိရိ နေပါစေ တစ်ချိန်ကျရင် ပွလာမယ့်အရာတွေ ရှိသလို။ 

ဘယ်လောက်ပဲ ဗြဲရမ်း နာမည်ဆိုးရှိတဲ့သူ ဖြစ်နေပါစေပေါ့နော် ကိုယ့်ဘက်က မှန်အောင်နေလို့ရှိရင် ကြောက်စရာ မလိုတော့ဘူးပေါ့။ စိတ်မပူရတော့ဘူးပေ့ါ။ အရမ်းကြီး အားပေးခဲ့ပြီး နောင်ကျမှ ဟင့် အဲ့လိုကြီးလားလို့ ဆိုတာမျိုး မဖြစ်စေချင်ဘူး” ဆိုပြီး ဖြေဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ ရွှေအိမ်စည်ဟာ photo shooting တွေ ရှိုးပွဲတွေ စသဖြင့် အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်လို့နေတာ တွေ့ရပါတယ် ပရိသတ်ကြီးရေ....

Source: Sunday Journals

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။