လွန်ခဲ့တဲ့ရက်ပိုင်းက ပရိသတ်တွေ သိကြတဲ့ အတိုင်း အဆိုတော်ချမ်းချမ်းနဲ့ သရုပ်ဆောင်ဘုဏ်းသိုက် တို့ရဲ့ အိမ်ထောင်ရေး ပြသနာတွေဟာ လူသိရှင်ကြား အတော်လေး ဂယက်ထသွားခဲ့ပါတယ်။ 

ကောလဟာလ သတင်းမျိုးစုံ ထွက်ခဲ့ပြီး သူမှန်တယ် ငါမှားတယ်ဆိုတဲ့ အဖြေများနဲ့ ပရိသတ်တွေပါ ထပ်တူစိတ်မကောင်း ဖြစ်ခဲ့ကြ ရတာပဲဖြစ်ပါတယ်။ 

လက်ရှိ တိကျတဲ့ အဖြေတစ်ခု မထွက်နိုင်သေးတဲ့ အခြေအနေမှာတော့ အိမ်ထောင်ဦးစီးလဲဖြစ် ဖခင်တစ်ယောက်လဲဖြစ်တဲ့ ဘုဏ်းသိုက်ဟာ သူတို့၂ယောက်ရဲ့ကြားက သံယောဇဉ် ကြိုးလေးတစ်ချောင်းဖြစ်တဲ့ သမီးလေးနဲ့ ခွဲခွာနေခဲ့ရတာ ရက်ပေါင်းများစွာ ရှိလာတာကြောင့် လွမ်းဆွတ်သတိရတဲ့ ဒဏ်ကို အံ့တုပြီး သမီးလေးနဲ့ ပြန်ဆုံမယ့် ရက်ကိုရေတွက်လို့ နေခဲ့တာပဲဖြစ်ပါတယ်။ 

ဘုဏ်းသိုက်ဟာ ရိုက်ကူးရေးတွေနဲ့ ခရီးတွေ ထွက်နေခဲ့ရတာဖြစ်ပြီး သမီးလေးနဲ့ဝေးကွာနေခဲ့တာ (၁၄)ရက်ရှိခဲ့ ပြီးပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ သမီးလေးအပေါ် လွမ်းတဲ့စိတ်တွေကို သီးခံစောင့်ဆိုင်း ခဲ့တဲ့နေ့ရက်တွေရဲ့ နိဂုံးချုပ် နေ့လေးကို ရောက်လို့လာခဲ့ပြီပဲဖြစ်ပါတယ်။

ခရီးကပြန်ရောက်ရောက်ခြင်း ချစ်သမီးလေးစီ အပြေးအလွှား သွားတွေ့ခဲ့တာပဲဖြစ်ပါတယ်။ ဘုဏ်းသိုက်တစ်ယောက် အရမ်းကိုပျော်ရွှင်နေပြီး ဖခင်ရဲ့ နက်ရှိုင်းတဲ့မေတ္တာ ကိုမြင်တွေ့ရသလို ပရိသတ်တွေ မျှော်လင့်ဆုတောင်းနေကြတဲ့ အတိုင်း ယိုင်နဲ့နေတဲ့ သူတို့ ရဲ့ အိမ်ထောင်ရေးလေးကိုလည်း ပြန်မတ်ဖို့ ကြိုးစား သွားမယ့်ပုံရပါတယ်။

"ကိုယ် ရေးထိုးခဲ့တဲ့ ဆေးမှင်ကြောင် တစ်ခု..သေတဲ့ အထိမဖျက်ဘူး သေတဲ့အထိမပျက်ဘူး" လို့ဆိုလိုက်တာ ကြောင့် ပရိသတ်တွေ ဝမ်းသာခဲ့ကြရပြီး ဆုတောင်းပေးနေကြ တဲ့အတိုင်း ပြန်လည်ပေါင်းစည်း ကြဖိုု့လည်း မျှော်လင့်နေ ကြတာပဲဖြစ်ပါတယ်။

ဘုဏ်းသိုက်ရဲ့လှုမှုကွန်ယက်မှာလဲ"သမီးလေးနဲ့မတွေ့ရတာ၁၄ရက်ခရီးကပြန်ရောက်ရောက်ချင်း သမီးလေးကို တွေ့တော့ ကိုယ် ဘယ်လောက် လွမ်းနေခဲ့ လဲ ကိုယ့်ကိုကိုယ် ရိပ်မိတာပေါ့ဒါပေမယ့်ဒီလို ညနေခင်းမျိုး ကိုယ် မကြုံစဖူးမို့ စိတ်ထဲမတော့ ထူးအိမ်သင် ရဲ့ "မနက်ခင်းပွင့်တဲ့ပန်းလေးထက်ကိုပိုလှတာ"ဆိုတဲ့သီချင်းပဲဇာတ်လမ်းတွေထဲကလိုထဆိုရတော့ မလိုလိုအင်း ...ဘယ်လိုပဲ ဖြစ်ဖြစ် မြမိုးဂင်္ဂါဆိုတာ ကိုယ့် အရေပြားထက်က 

ဦးဦးဖျားဖျား အက္ခရာကိုယ် ရေးထိုးခဲ့တဲ့ ဆေးမှင်ကြောင် တစ်ခု.. သေတဲ့အထိ မဖျက်ဘူး သေတဲ့အထိမပျက်ဘူး"ဆိုတဲ့စာလေးနဲ့ အတူ ချစ်သမီးလေးနဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေ မျှဝေထားတာပဲဖြစ်ပါတယ်။

ဘုဏ်းသိုက်တို့သားဖရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို မြင်တွေ့ရတဲ့ ချစ်ပရိသတ်တွေလည်း ထပ်တူဝမ်းသာ ပျော်ရွှင်နေကြ ရတာဖြစ်ပြီး ပရိသတ်တွေအားလုံး မျှော်လင့်နေကြတဲ့အတိုင်း ပြသနာတွေပြေလည်ပြီး ချစ်တဲ့သမီးလေးနဲ့ အတူ အမြန်ဆုံး ပြန်လည်ပေါင်းစည်း ကြဖို့ ဆုတောင်းပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - ဘုဏ်းသိုက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။