ကာလဝမ်းရောဂါသည် ဘတ်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီးအများအားဖြင့် ရေမှ တဆင့်ကူး စက်တတ်ပါတယ်၊ ကာလဝမ်းရောဂါသည် ဝမ်းများအဆက်မပြတ် သွားသွား ကြောင့် ရေဓာတ်ခမ်းခြောက်ကာ ကျန်းမာသူပင်အသက် ဆုံးရုံးသည်အထိ ဖြစ်ပွားနိုင်ပါ သည်၊သဘာဝဘေး ကြုံတွေ့နေရချိန်တွင် အများဆုံးဖြစ်နိုင်ခြေ များနိုင်ပါတယ်၊ ရောဂါ လက္ခဏာများက ဖျားနားခြင်းတို့ မကြုံတွေ့ရတတ်ပေ၊ ရောဂါပိုးကူးစက်ခံရသူ အယောက် တစ်ဆယ်တွင် တစ်ယောက်ခန့်သာပိုးဝင်ပြီး ရက်အနည်းငယ်အတွင်း ရောဂါလက္ခဏာများ ပြလေ့ရှိပါတယ်၊ ရုတ်တရက် ဝမ်းအရည်များစွားသွားခြင်း၊ တစ်နာရီအတွင်း တစ်လီတာ ခန့်ထိသွားတတ်ခြင်း ကာလဝမ်းရောဂါရဲ့ ရှေးပြေး လက္ခဏာဖြစ်ပါတယ်၊ ရေဓာတ်ဆုံး ရှုးံခြင်းမှာ ဂဃမငြိမ်းခြစ်ခြင်း ၊နုန်းခွေခြင်း ၊မျက်တွင်းချိုင့်ခြင်း ၊ခံတွင်းခြောက်ခြင်း၊ ရေငတ်မပြေခြင်း၊ အရေပြားများခြောက်သွေ့ ခြင်း၊များတွေ့ရတတ်ပါတယ်။

ရေဓာတ်ဆုံးရှုံးခြင်းက ကြွက်တတ်ခြင်း၊ သွေးပေါင် ရုတ်တရက်ကျသွားခြင်း၊ တွေ့ရတတ် ပါတယ်၊သကြားဓာတ်ဆုံးရှုံးခြင်း ကြောင့်လည်းတက်ခြင်း လုံးဝသတိမေ့သွားခြင်း တို့ဖြစ်စေပါတယ်၊ ကာလဝမ်းရောဂါသည် ကပ်ရောဂါဖြစ်သွား၊ကြောင့်ကူးစက် လွယ်ခြင်း၊ အချိန်မှီိမကုသပါက အသက်ဆုံးရှုံးသည့် အထိဖြစ်နိုင်ပါတယ်၊ ကာလဝမ်း ရောဂါသည် ကျက်အောင်မချက်ပြုတ်ထားသော ပင်လယ်စာများ၊ သန့်ရှင်းအောင် မဆေးထားသော ဟင်းသီးဟင်းရွက် အသီးအနှံများမှလည်း ကူးစက်နိုင်ပါတယ်။ သန့်ရှင်းမှုအားနည်းသူများ၊ ရေသန့်ရှားပါးတဲ့ နေရာဒေသများ၊ အိမ်သာမသုံးသူများ၊ ဒုက္ခသည်စခန်းများ၊ အစာအိမ်တွက်း အက်ဆစ်ဓာတ်နည်းသူများ၊ ကာလဝမ်းရောဂါကိုပြုစု နေရသူများ၊ အိုးသွေးအမျိုးအစားများ၊ စသည့်တို့လည်းဖြစ်နိုင်ခြေများပါတယ်၊ ရေဓာတ် ဆုံးရှုံးခြင်းကြောင့် ကျောက်ကပ်ပျက်စီးခြင်း၊ တို့လည်းဖြစ်ပေါ်စေပါတယ်၊ ကုသမှုခံယူမယ် ဆိုရင် ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကိုတော့ ဓာတ်ဆားရည်တိုက်ခြင်း၊ သွေးပြန်ကြောမှ တဆင့် အရည်များသွင်းခြင်း ၊ပိုးသတ်ဆေးများအသုံးပြုခြင်း၊တို့ဖြစ်ပါတယ်၊

ကာလဝမ်းရောဂါ ကာကွယ်နိုင်ဖို့အတွက် အိမ်သာတက်ပြီးချိန်တွက် လက်ကိုဆပ်ပြာဖြင့် ဆေးပေးပါ။ ရေသန့် သို့မဟုတ် ရေကိုကျိုချက်ပြီးသောက်သုံးပါ၊ အစားအစာကိုကျက် အောင်ချက်ပြုတ်ပြီးမှစားပါ၊ပင်လယ်စာအစိမ်းစားခြင်းရှောင်ပါ၊ အသီးအနှံများကိုသေချာစွာ ဆေးပြီးမှစားပါ လို့အကြံပြုပါရစေရှင့်။

Source: Healthcare

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။