မန္တလေးမြို့ကတော့ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မန္တလေးမြို့က သာယာလှပကာ မိန်းမောဖွယ်ကောင်းသည့် ရှုခင်းများကိုလည်းပိုင်ဆိုင်ထားပါတယ်။ သို့သော် မြို့၏အချို့သော နေရာများတွင် အမှိုက်ပုံများဖြင့် ပြည့်နှက်နေလျက်ရှိပါတယ်။ ယခုအခါတွင်မှု မန္တလေးမြို့ရှိ အမှိုက်များမှတစ်ဆင့် လျှပ်စစ်ထုတ်လုပ်ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။

စွန့်ပစ်အမှိုက်မှ လျှပ်စစ်ထုတ်သည့် စီမံကိန်းကို ယခင်ကတည်းက စီစဉ်ထားခဲ့ကာ လက်တွဲလုပ်မည့် ကုမ္ပဏီကိုလည်း ရရှိထားခဲ့ပြီးပြီဖြစ်ပါတယ်။ သို့သော် ယခုအခါတွင်မူ စွန့်ပစ်အမှိုက်မှ လျှပ်စစ် ထုတ်သည့် စီမံကိန်းဆောင်ရွက် မည့်ကုမ္ပဏီနှင့်ယခင်က သဘော တူထားခြင်းများ ဖျက်သိမ်းခဲ့ပြီးဖြစ်တယ်ဟု သိရှိရပါတယ်။ ဒါ့ကြောင့် လာမည့်ဘဏ္ဍာနှစ်တွင် တင်ဒါ အသစ် ထပ်မံခေါ်ယူမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသန့်ရှင်းရေး ဌာနမှတစ်ဆင့် သိရှိရပါတယ်။ အဆိုပါ အစီအစဉ်ကို တင်ဒါခေါ်ပြီးလာမယ့်တစ် နှစ်အတွင်း အကောင်အထည် ဖော်သွားမည်ဟုလည်း ပြောဆိုသွားခဲ့ပါတယ်။

စွန့်ပစ်အမှိုက်မှ လျှပ်စစ် ထုတ်ယူသည့်လုပ်ငန်းဆောင် ရွက်ပါက အမှိုက်ကျင်းနေရာ ရှာရန်မလိုတော့ကြောင်း မန်းစည်ပင်ကပြောခဲ့ပါတယ်။အဆိုပါစီမံကိန်းအတွက်မြေနေရာ ၁၂ ဒသမ ၃၅ ဧကလိုအပ်မည်ဖြစ်ပြီး ပုသိမ်ကြီးမြို့နယ် ကြာနီကန် ကျေးရွာအနီးတွင် အကောင်အ ထည်ဖော်မည်ဖြစ်သည်ဟု သိရပါတယ်။ ဒါ့အပြင် မန္တလေး မြို့မှ ထွက်သောအမှိုက်များကို အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြား ကာ ဇီဝဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ ဇီဝဓာတ်ငွေ့ကို အီသိန်းဓာတ် ငွေ့ရည်အဖြစ် သန့်စင်ခြင်း၊ဓာတ် ငွေ့ထုတ်လုပ်ခြင်းမှ ကြွင်းကျန် သောချေဖျက်ပြီး အကြွင်းအကျန် များနှင့် အမှိုက်ခြောက်များမှလျှပ် စစ်ဓာတ်အားထုတ်လုပ်ခြင်း စ သည့်လုပ်ငန်းစဉ်များဖြင့် ဆောင် ရွက်ရန် ရည်မှန်းထားကြောင်း သိရှိရပါတယ်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။