အဆိုတော် ဆိုတေးကို မြန်မာ့အနုပညာရှင်များစွာသိကြမှာပါ။ ဆိုတေးဟာ ကံဆိုးမှုများစွာနဲ့ ကြံုတွေ့ခဲ့ရသူ တစ်ယောက်ဖြင့် တဲ့အပြင် လောကအကြောင်းကို များစွာနားလည်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ အဆိုတော် ဆိုတေးဟာ စိတ်ညစ်မှုတွေများစွာကြံုတွေ့ခဲ့ ပြီး သာသနာ့ဘောင်သို့ လည်းဝင်ရောက်ဖူးသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဆိုတေးရဲ့ စိတ်ညစ်မှုများစွာတွင် မိခင်ဖြစ်သူရဲ့ဖေးမကူညီမှုများစွာဖြင့်ပြန်လည်ရပ်တည်နိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

အဆိုတော်ဆိုတေးရဲ့ ထွက်ရှိခဲ့သော မီအိမ်ရှင်၊ တိတ်တိတ်လေးပါပဲ ဆိုတဲ့ အခွေများကို မိခင်ဖြစ်သူ က သူငယ်ချင်းတစ်ယောက်ထံ အကူညီတောင်းကာ ထုတ်ပေးခဲ့ကြောင်း ၊ ကံဆိုးခြင်းများနဲ့ ကြံုခဲ့ရသော အချိန်များတွင်လည်း မိခင်ဖြစ်သူ၏ အဆုံအမဖြင့် သာသနာဘောင်သို့ ၀င်ခဲ့ဖူးပါတယ်။ ကားမှောက်သော ကံဆိုးခြင်းတစ်ခုမှ ပြန်လည်ကောင်းမွန်လာ ပေမယ့်လည်း သီချင်းများပြန်မဆိုနိုင်သေးကြောင်း။ ထိုအပြင် ပရိသတ်အချို့ရဲ့ ခွဲခြားဆက်ဆံမှုများကြောင့် များစွာစိတ်ညစ်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ 

ကံဆိုးခြင်းများစွာနဲ့ ကြံုတွေ့နေရသော သားကို မိခင်ဖြစ်သူမှ များစွာနှစ်သိမ့်မှုများ ပြုလုပ်ပေးခဲ့ပါတယ်။ ဂီတလောကထဲ ပြန်လည်ဝင်ရောက်ဖို့ မသေချာသေးတဲ့ ဆိုတေးတယောက် အပြင်လောကရဲ့ ရက်စက်ခြင်းကို မိခင်ဖြစ်သူရဲ့ အားအင်နဲ့ တွန်းလှန်နေကြောင်း တွေ့ရှိရပါတယ်။

Source – W LC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။