လက်ကောက်ဝတ်ကနေ ပြောပြနေတဲ့ သင့်ရဲ့အကြောင်းတွေကို မှန်လားမှားလားဆိုတာသင်ကိုယ်တိုင်ဖတ်ကြည့်လိုက်ရင်တော့ သိမှာပါ။သင့်ဘဝရဲ့ ဆောင်ရန်ရှောင်ရန်တွေကို လက်ကောက်ဝတ်ကနေပြောပြနေတဲ့ အချက်တွေကို သတိထားဆင်ခြင်နိုင်ပါတယ်။

၁. ပထဆုံးလိုင်းကြောင်း

ဒီလမ်းကြောင်းလေးကတော့ကျန်းမာရေးလမ်းကြောင်းလေးဖြစ်ပါတယ်။အရေးပါဆုံးလမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။

လက်ဖဝါးပြင်ရဲ့ အနီးစက်ဆုံး လမ်းကြောင်းတစ်ခုပါ။ ဒီလမ်းကြောင်းလေးမှာရှင်းလင်းပြီး နက်နက်နဲနဲ ပေါ်ထင်နေတယ် ပြတ်ကြောင်း၊ ချိန်းကြိုးဆက်များ မပါဝင်ရင်တော့ကျန်းမာရေးအလွန်ကောင်းမွန်မယ်လို့ ဖော်ပြနေတယ်။

လမ်းကြောင်းလေးမှာ ပြတ်ရာများပါဝင်နေရင်တော့ မိန်းမဆိုရင် မီးယက်ရောဂါများဖြစ်ပွားနိုင်ပြီး၊ ယောကျ်ားလေးဆိုရင် ဆီး၊ ဟော်မုန်း၊

ဆီးကျိတ်၊ ဒါမှဟုတ် မျိုးပွားမှုများ ပြဿနာများဖြစ်ပွားနိုင်ပါတယ်။ 

၂.ဒုတိယ လမ်းကြောင်း

ဒီလမ်းကြောင်းလေးက ဥစ္စာဓန လမ်းကြောင်းလေးဖြစ်ပါတယ်။ ဒီလမ်းကြောင်းလေးမှာ သင့်ရဲ ချမ်းသာခြင်း၊ အဆင်ပြေ သာယာဝပြောခြင်း၊ ပျော်ရွင်မှုတွေကို ပြောပြနေပါတယ်။

ဒီလမ်းကြောင်းလေးမှာ ကွင်းဆက်များမပါပဲ တစ်ဖြောင့်တည်းဖြစ်နေမယ်ဆိုရင် အခွင့်အလမ်းများပေါ်များပြီးအနာဂတ်အတွက်ကောင်းမွန်လှပါတယ်။

အက်ကြောင်းများ၊ ကွင်းဆက်များပါဝင်နေရင်တော့ဘဏ္ဍရေးအခြေအနေ ခက်ခဲနိုင်တယ်လို့ ပြောပြနေပါတယ်။

ပထမမျဉ်းနဲ့ ကျိုးပဲ့နေခြင်းမဟုတ်ပဲကွဲပြားသီးခြားစွာ တည်ရှိနေရင်တော့ အနာဂတ်မှာ အောင်မြင်ကျော်ကြားနိုင်တယ်လို့ ဆိုလိုပါတယ်။

၃. တတိယလမ်းကြောင်း

ဒီလမ်းကြောင်းလေးက အောင်မြင်မှု လမ်းကြောင်းလေးဖြစ်ပါတယ်။ လူအများစုမှာ အနည်းဆုံးနှစ်ဦးတော့ တတိယလမ်းကြောင်းလေးပါရှိကြပါတယ်။

တတိယလမ်းကြောင်းလေးသင့်မှာရှိရင်တော့ အောင်မြင်မှု ကျော်ကြားမှုတွေနဲ့အတူ သြဇာလွမ်းမိုးမှုကြီးများတယ်လို့ပြောပြနေပါတယ်။

သင်က လူတကာရဲ့ အောက်မေ့ဖွယ် လူတစ်ဦး ဖြစ်စေနိုင်ပါတယ်။

၄.စတုထ္တလမ်ကြောင်း

ဒီလမ်းကြောင်းက အရှားပါးဆုံးလမ်းကြောင်းလေးဖြစ်ပါတယ်။ ကံကောင်းတဲ့ လူအနည်းငယ်သာပါရှိတက်ပါတယ်။

ဒီလမ်းကြောင်းလေးက တတိယ လမ်းကြောင်းလေးနဲ့ အပြိုင်ဖြစ်နေရင်တော့

အသက်ရှည်ကျန်းမာပြီး လူမှုရေးရာမှာ ကျော်ကြားခြင်း၊ သြဇာ လွှမ်းမိုးနိုင်ခြင်း စသည့် ခွန်အားကြီးသော လူတစ်ဦး ဖြစ်စေနိုင်ပါတယ်။

ကဲ မိတ်ဆွေတို့ရော ဘယ်လမ်းကြောင်းတွေထိ ပါရှိကြသလဲ

credit original

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။