မြန်မာနိုင်ငံမှာတော့ တွင်းထွက်ကျောက်သံပတ္တမြားများသာမက ရေနံများလည်းထွက်ရှိပါတယ်။ ထိုအထဲမှာမှ ရခိုင်ကမ်းလွန်ရေနံလုပ်ကွက်များမှာလည်း နာမည်ကျော်ကြားပါတယ်။ သို့သော် ယခုအခါ နော်ဝေးကုမ္ပဏီတစ်ခုက ရခိုင်ကမ်းလွန်ရေနံလုပ်ကွက်ကို ပြန်အပ်နှံမည်ဟု သိရှိရပါတယ်။ အဆိုပါ ကုမ္ပဏီမှာ နော်ဝေးအစိုးရကပိုင်ဆိုင်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ Statoil ပဲဖြစ်ပါတယ်။ 

ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ Statoil အနေဖြင့် ရေနံလုပ်ကွက် AD-10 အတွက် စမ်းသပ်ရှာဖွေရေးလိုင်စင်ကို ၂၀၁၄ တွင် ရရှိခဲ့ပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်ခြေ နည်းသောကြောင့် ယခုလို ပြန်လည်အပ်နိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။ အဆိုပါသတင်းဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ Statoil သည် ရခိုင်ကမ်းလွန်ရှိ AD-10 လုပ်ကွက်ကို ပြန်လည် အပ်နှံပြီး မြန်မာနိုင်ငံမှ ထွက်ခွာ တော့မည်ဖြစ်ကြောင်း နော်ဝေး နိုင်ငံအခြေစိုက်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဆိုင်ရာ သတင်းဌာန Upstream တွင် ဒီဇင်ဘာလဆန်း က ဖော်ပြထားကြောင်း သိရှိရပါတယ်။ Statoil ကုမ္ပဏီပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ‘‘ကျွန်တော်တို့ရထားတဲ့အ ချက်အလက်တွေအပေါ် အခြေခံ ပြီးတော့ အဲဒီမှာ စီးပွားဖြစ်ထုတ် လုပ်ဖို့ ဖြစ်နိုင်ခြေနည်းနည်းပဲရှိ တယ်လို့ ယုံကြည်ပါတယ်’’ဟုပြောပါတယ်။

Statoil ကုမ္ပဏီအနေဖြင့် အဆိုပါ လုပ်ကွက်ကို ဆက်လက်လုပ်ကိုင် ရန်ရှိ၊ မရှိ လိုင်စင်သက်တမ်း မကုန်မီ ဆုံးဖြတ်ရမည်ဖြစ်ပြီး ထို သို့ ပြန်လည်အပ်နှံရန် ဆုံးဖြတ်ခဲ့ခြင်းမှာလည်း အခွန်နှုန်းမြင့်မား ခြင်းက အချက်တစ်ချက်ပါဝင် ကြောင်း ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။ အဆိုပါလုပ်ကွက်အတွက် နော်ဝေးကုမ္ပဏီ၏ စမ်းသပ်ရှာဖွေ ခွင့်လိုင်စင်သည် ၂၀၁၈ မတ်လတွင်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်ဟု သိရှိရပါတယ်။ အဆိုပါ AD-10 လုပ်ကွက် သည် ရခိုင်ပြည်နယ် တောင်ပိုင်း ကမ်းလွန်တွင် ကမ်းခြေမှ ကီလိုမီ တာ ၂၀၀ (၁၂၅ မိုင်ခန့်)အကွာ ၌ တည်ရှိသည်။ လုပ်ကွက်သည် ရေပြင်အကျယ် ဧက ၂ ဒသမ ၂ သန်းကျော် (၉,၀၀၀ စတုရန်း ကီလိုမီတာ) ရှိပါတယ်။ အဆိုပါလုပ်ကွက်ပြန်လည် အပ်နှံခြင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ပဋိပက္ခများနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းရှိ၊ မရှိ ကုမ္ပဏီက ဖြေကြားခြင်းမပြုဘဲ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အနီး ကပ်စောင့်ကြည့်နေကြောင်းသာ ဖြေကြားခဲ့သည်ဟု အဆိုပါ Upstream သ တင်းဌာနက ဖော်ပြထားခဲ့ပါတယ်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။