အနုပညာရှင်တွေ ရဲ့ အတင်းတွေ၊ သတင်းတွေကို ဖြန့်လေ့ရှိတဲ့ Cele Cele Small ကြောင့် အာဘွိုင်း နှင့် မြတ်ရတနာကျော်တို့ရဲ့ အချစ်ဇာတ်လမ်းလေး ပိုပြီးနာမည်ကျော်သွားတာလည်းဖြစ်နိုင်ပါတယ်။ အာဘွိုင်းဟာ ဆိုရင် သမီး နှစ်ယောက်ရှိတဲ့ Single Father ဖြစ်ပြီး မြတ်ရတနာကျော်ကတော့ တက္ကသိုလ်ကျောင်းသူဖြစ်ပြီး အနုပညာ လောကထဲကို ဝင်ရောက်တာ သိပ်မကြာသေးပါဘူး။ သူတို့နှစ်ယောက်ဟာ ချစ်သူရည်းစားဖြစ်ခါစ တုန်းက ပရိသတ်တွေကို အသိမပေးခဲ့ပေမယ့် ဒီနေ့ပဲ နှစ်ယောက်တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတင်ကာကြေငြာခဲ့တာပါ။

အာဘွိုင်ဟာဆိုရင် Single Father ဖြစ်သော်လည်း ကိုယ်ပိုင် လုပ်ငန်းကို တည်ထောင် ထားနိုင်တဲ့ အထိ အရည်အချင်းပြည့်ဝတဲ့သူလို့လဲပြောပါတယ်။ မြတ်ရနာကျော်ကို သူ့အနေနှင့် တစ်ဘဝစာ လက်တွဲဖို့ ရည်ရွယ်ထားကြောင်းကို ပုံထဲက အတိုင်း Cele Cele Small ကို နောက်ပြီး ပြောထားပါသေးတယ်။

အာဘွိုင်းက ဆယ်လီ အတွက် ကာဗာ ဖိုတိုကို ၂၀၁၇ မှာ အရင်ဆုံးပေးမှာ ဆိုတဲ့အတွက် အာဘွိုင်းနှင့် မြတ်ရတနာကျော်တို့ဟာ မကြာခင် လက်ထပ်ကြတော့မှာလားလို့တောင် မေးခွန်းထုတ်စရာလေးတွေရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အောက်မှာ မြင်ရတဲ့ အာဘွိုင်းရဲ့ status တွေ အရ သူဟာ မြတ်ရတနာကျော်ကို ဘယ်လောက်ထိ တန်ဖိုးထားချစ်ခင်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ရမယ်မထင်ပါဘူး....

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။