ထိုင်းတွေဆိုတာကတော့ မြန်မာတွေနှင့် ရှေးယခင်က တိုက်ခိုက်ခဲ့ကြသူများ ဖြစ်ပါတယ်။ ရှေးတုန်းက မြန်မာဘုရင်အများစုသည် မကြာခဏဆိုသလို ထိုင်းနိုင်ငံကို ၀င်တိုက်ခိုက်လေ့ရှိပါတယ်။ ထိုသို့ဝင်တိုက်ခိုက်တိုင်း မြန်မာတို့အနိုင်ရကြသည်က များပါတယ်။ သို့သော် ထိုင်းသမိုင်းတွင်မှု ထိုင်းတို့ အနိုင်ရခဲ့ဖူးသည့်အကြိမ်ရှိခဲ့ပါတယ်။ ထိုသမိ်ုင်းက လွန်ခဲ့သော နှစ် ၅၀၀ က စီးနင်းထိုးပွဲတွင် ထိုင်းဘုရင်က မြန်မာမင်းသားကို အနိုင်ယူခဲ့သည်ဆိုသော ဖြစ်စဉ်ပဲဖြစ်ပါတယ်။ 

အဆိုပါဖြစ်စဉ်ကတော့ ထိုင်းနိုင်ငံရှိပြည်သူတွေအကြားရေပန်းစားပါတယ်။ သို့သော် နာမည်ကျော်ထိုင်းသမိုင်းပညာရှင်တစ်ဦးက အဆိုပါ ထိုင်းဘုရင်ကမြန်မာမင်းသားကိုနိုင်ခဲ့သည်ဆိုမှာ ယုတ္တိမရှိဟု စောဒကတက်ကာပြောခဲ့ပါတယ်။ ထိုသမိုင်းပညာရှင်မှာ ဆူလက်ဆီဝါရက်ဆာပဲဖြစ်ပါတယ်။ ၁၅၉၃ ခုနှစ်က နာမည်ကျော်တိုက်ပွဲတွင် ဦးဆောင်ခဲ့သော နာရာဆူအန်ဘုရင်နှင့်ပတ်သတ်ပြီး စောဒကတက်ခဲ့တာပါ။ အဆိုပါစကားကို ဆူလက်က ထိုင်းသမိုင်းကို ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားရန် တက္ကသိုလ် ဆွေးနွေးပွဲတစ်ခု၌ ထိုင်းဘုရင်နှင့် ပတ်သက်သည့် မှတ်ချက်ပေးရင်း ပြောကြားခဲ့တာပါ။ 

ဆူလက်ဆီဝါရက်ဆာသည် အသက်၈၄နှစ်ရှိပြီဖြစ်ကာ ထိုင်းနိုင်ငံမှာ သြဇာကြီးမားတဲ့ သမိုင်းပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ထိုစကားကို ၂၀၁၄ ခုနှစ်က ပြောကြားခဲ့တာဖြစ်ပြီး ယင်းမှတ်ချက်အတွက် ဆူလက်ကိုတော်ဝင်အသရေဖျက်မှု ဥပဒေဖြင့် ယခုနှစ် အောက်တိုဘာတွင် ထိုးအစိုးရက တရားစွဲခဲ့ပါတယ်။ သို့ရာတွင် ဆူလက်ကို စွဲချက်တင်ရန် ဆုံးဖြတ်ချက်ကို ထိုင်းတရားရုံးက ဒီဇင်ဘာ ရ ရက်တွင် ရွှေ့ဆိုင်းခဲ့ကြောင်း သိရှိရသည်။ ကျွမ်းကျင်သူများနှင့် သမိုင်းပညာရှင်များ၏ အမြင်ကို ကြားနာရန် ဆူလက်က တောင်းဆိုခဲ့မှုကို စစ်ဘက်ဆိုင်ရာ တရားရုံးက သဘောတူညီခဲ့ပြီး ဇန်နဝါရီ ၁၇ ရက်တွင် နောက်တစ်ကြိမ် ကြားနာရန် ချိန်းဆိုခဲ့သည်ဟု သိရသည်။

Source – The Washington Post, Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။