ဒီနည်းလမ်းကို ယောကျင်္ားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် ပြုလုပ်လို့ ရပါတယ်။ နှုတ်ခမ်းသား ညိုခြင်း၊ မဲခြင်းက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။

- ဆေးလိပ်သောက်လွန်းခြင်း

- အရောင်ပါသော အရည်များ သောက်လွန်းခြင်း

- ကော်ဖီ၊ လက်ဖက်ရည် သောက်ခြင်း

- နှုတ်ခမ်းနီဆိုးခြင်း …

စတဲ့ အချက်အမျိုးမျိုးကြောင့် နှုတ်ခမ်းသား ညိုရခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလို ဖြစ်တဲ့အခါမှာလည်း စိတ်အနှောင့်အယှက် ဖြစ်စေတာမို့ အလွယ်ကူဆုံးနဲ့ ထိရောက်လှတဲ့ အိမ်တွင်းကုထုံး နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

နည်းလမ်း (၁) သကြားမုံလာနှင့် ခရမ်းချဉ်သီး

Beet root လို့ ခေါ်တဲ့ သကြားမုံလာကို ခြစ်ပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့် အရည်ရအောင် ပြုလုပ်ပါ။ ခရမ်းချဉ်သီးကိုလည်း ခြစ်၍ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့် အရည်ရအောင် ပြုလုပ်ပါ။ ထိုအနှစ်များကို ရောမွှေ၍ နှုတ်ခမ်းသားကို လိမ်းပေးပါ။ မိနစ် ၂၀ ခန့် ကြာအောင် ထားပြီးနောက် ရေဆေးလိုက်ပါ။ 

နည်းလမ်း (၂) ပျားရည်နှင့် သကြား

ပျားရည်နှင့် သကြားကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ ဆတူ ရော၍ နှုတ်ခမ်းသားကို သုတ်လိမ်းပေးပါ။ အရသာ ချိုမြိန်ပေမဲ့လည်း နှုတ်ခမ်းသားကို လျှာနဲ့ မသပ်မိသို့ သတိထားပါ။ ညဘက် လိမ်းပြီး အိပ်နိုင်သလို မိနစ် ၂၀ ခန့် ထားပြီးနောက်တွင်လည်း ရေဆေးပေးနိုင်ပါတယ်။ 

နည်းလမ်း (၃) သွားတိုက်ဆေး

သွားတိုက်ဆေး အဖြူရောင်ကို နူးညံ့လွန်းသော သွားပွတ်တံ/ ကလေးသွားပွတ်တံ ကို အသုံးပြု၍ ၃ မိနစ်ခန့် နှုတ်ခမ်းသားကို ပွတ်တိုက်ပေးပါ။ ထို့နောက် နှုတ်ခမ်းသားကို ပြောင်စင်အောင် ရေဖြင့် ဆေးကြောပေးပါ။

အထက်ဖော်ပြပါ နည်းလမ်းတွေက လွယ်ကူပြီး ထိရောက်လွန်းတာမို့ နေ့တိုင်းလည်း ပြုလုပ်ပေးနိုင်ပါတယ်။ သကြားမုံလာကို ရှာဝယ်ရတာ ခက်တယ် ဆိုရင်လည်း သွားတိုက်ဆေးကတော့ အိမ်တိုင်းနီးပါးမှာ ရှိပါတယ်။ တစ်နည်း မဟုတ် တစ်နည်း စမ်းသပ်ကြည့်နိုင်တာမို့ နှုတ်ခမ်းသား လှပဖို့အတွက်တော့ စိတ်ချရပြီပေါ့နော်။

ပျော်ရွှင်စရာ ကောင်းတဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် ။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။