အမြဲတမ်းမျက်နှာလေးက လှပနေဖို့ဆိုရင် ဒီမျက်နှာလေးကိုလည်း နည်းလမ်းမှန်မှန် ဂရုစိုက်တက်ဖို့ လိုအပ်ပါတယ်။ နေ့စဉ် မျက်နှာသစ်တဲ့အခါ သတိမထားတဲ့အမှားတွေ လည်း ရှိတက်ကြပါတယ်။ ဒီအချက်လေးတွေကို သတိထားမယ်ဆိုရင်တော့ လှပတဲ့ မျက်နှာ လေးကို အမြဲပိုင်ဆိုင်နိုင်မှာပါ။ ဒါဆို ဘယ်လိုအချက်တွေက အမှတ်တမဲ့ ထိခိုက်မိမလဲဆိုတာ ကြည့်ရအောင်နော် ။

(၁) လက်ကိုအရင်မဆေးကြောပဲ မျက်နှာသစ်ခြင်း ။

အမြဲတမ်းထိတွေ့ကိုင်တွယ်နေရတဲ့လက်မှာ အညစ်အကြေး အများဆုံးရှိတာကြောင့် လက်ကိုအရင်ဆုံးသန့်စင်စွာ ဆေးကြောသင့်ပါတယ်။

(၂) မျက်နှာသစ်တဲ့အခါ ကုတ်ဖဲ့ဆေးကြောတက်ခြင်း။

တချို့က မျက်နှာသစ်တဲ့အခါ မျက်နှာပေါ်ကအညစ်အကြေးများကို ကုတ်ဖဲ့ဆေးကြောတက်တဲ့နည်းလမ်းဟာ လွဲမှားနေပါတယ်။ မျက်နှာဟာနုနုယ်လှတာကြောင့် နိုပ်နယ်ပေးကာ အသေအချာ ပွတ်ပေးမယ်ဆိုရင် အညစ်အကြေးများ ကင်းစင်နိုင်ပါတယ်။

(၃) မိမိနဲ့မကိုက်ညီတဲ့ မျက်နှာသစ်ဆေးကို အသုံးပြုခြင်း။

မျက်နှာဆေးကို ဂရုတစိုက် သေသေချာချာအချိန်ပေးပြီး ဝယ်ယူသင့်ပါတယ်။ ကိုက်ညီမှုမရှိတဲ့ မျက်နှာသစ်ဆေးက မျက်နှာကိထိခိုက်ပျက်စီးစေပါတယ်။

(၄) မိတ်ကပ်ဖျက်ဆေးမသုံးပဲ မျက်နှာသစ်ခြင်း။

တနေကုန်လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို ကုန်စင်အောင် ဖျက်ပြီးမှသာ မျက်နှာသစ်ပါ။ မိတ်ကပ်တွေရှိနေသေးတဲ့အတွက် မျက်နှာသစ်က အညစ်အကြေးတွေကို ကုန်စင်အောင် ချေဖျက်နိုင်မှာ မဟုတ်ပါဘူး။

(၅) မျက်နှာသုတ်ပဝါကိုသန့်ရှင်းစွာမထားခြင်း။

စိုစွတ်တဲ့ မျက်နှာသုတ်ပုဝါကို ပြန်လည်အသုံးပြုခြင်းကို ရှောင်ရှားသင့်ပါတယ်။

(၆) အလွန်အေးလွန်း/ပူလွန်းတဲ့ရေကို အသုံးပြုခြင်း။

အေးလွန်း ပူလွန်းတဲ့ရေတွေကိုလည်း အသုံးမပြုသင့်ပါဘူး။

ဒီလိုသတိမထားမိတဲ့ အမှားလေးတွေကို ပြင်ဆင်လိုက်မယ်ဆိုရင်တော့ လှပတဲ့မျက်နှာ လေးကို အမြဲတမ်းပိုင်ဆိုင်စေမှာပါ။

Source - အလှအပဆိုင်ရာသော့ချက်များ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။