ဒီဇင်ဘာ ၁၀ ရက်နေ့ ၊ နေ့လယ် ၁ နာရီတွင် တရုတ်ပြည် ၊ စီချွမ်းပြည်နယ် ၊ မန်ကျူမြို့ မှာ တည်ရှိတဲ့ အာရှအမြင့်ဆုံးသစ်သားဘုံကျောင်း တစ်ကျောင်းဖြစ်တဲ့ နဂါးကိုးကောင်ဘုံကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့ တယ်လို့ တရုတ်နိုင်ငံ မီဒီယာတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။အဆိုပါ ဘုံကျောင်းကို လွန်ခဲ့တဲ့ ၈ နှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ယခုမီးလောင်မှု ဖြစ်ပွားခဲ့တဲ့ အချိန်အထိ ဆောက်လုပ်မှုမပြီးဆုံးသေးကြောင်း သိရပါတယ်။ 

၎င်း နဂါးကိုးကောင်ဘုံကျောင်းဟာ အထပ် ၁၆ ထပ်အမြင့် ရှိပြီး တရုတ်ရိုးရာနည်းပညာသက်သက်ဖြင့် တည်ဆောက်နေခြင်းဖြစ်ကာ သံတစ်ချောင်းမှမပါပဲ ဆောက်လုပ်ထား တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ နဂါးကိုးကောင်ဘုံကျောင်းမှာ အာရှအမြင့်ဆုံးသစ်သားဘုံကျောင်းအဖြစ်ဆောက်လုပ်နေတာပဲဖြစ်ပါတယ်။ 

မီးလောင်မှုမှာ ဆောက်လက်စ ဘုံကျောင်းဘေးရှိ ဘုရားကျောင်းမှစတင် ကာ မီးလောင်ကျွမ်းခြင်းဖြစ်ပြီး နဂါးကိုးကောင်ဘုံကျောင်းသို့ မီးကူးစက် လောင်ကျွမ်းခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့်သေဆုံးသူမရှိသေးကြောင်း ကနဦးသတင်းများ အရ သိရပါတယ်။ 

source - China.com.myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။