လီဗာပူလ်းအသင်းရဲ့ တိုက်စစ်မှုး စတာရစ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူရန် ရီးရဲလ်ဘက်တစ်နဲ့ ဗလင်စီယာအသင်းတို့ဟာ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။လီဗာပူလ်အသင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ စတာရစ်ကတော့ ပွဲထွက်ခွင့်ရဖို့ခက်ခဲနေတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ဖာမီနို၊ ဆာလက်၊ ကော်တင်ဟို၊ မာနေး တို့ရဲ့ တိုက်စစ်အချိတ်အဆက် ဟာ ကောင်းမွန်နေခဲ့တာကြောင့် စတာရစ် ဟာအရန်ခုံမှာသာ ရှိနေခဲ့ရတာလည်းဖြစ်ပါတယ်။

ဗလင်စီယာအသင်းဟာ စပိန်လာလီဂါမှာ ရလဒ်ကောင်းတွေရယူထားနိုင်တဲ့ အသင်းလည်းဖြစ်ပါတယ်။အဆင့် ၂ နေရာကို ရယူထားနိုင်ခဲ့တာဖြစ်ပြီး ဇယားထိပ်ဆုံးကဘာစီလိုနာအသင်းနဲ့ ၅ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။ဒါ့ကြောင့်ရလဒ်ကောင်းတွေဆက်ထိန်းထားနိုင်ဖို့အတွက် ဇန်နဝါရီအပြောင်းအရွှေ့မှာ လူဖြည့်တင်းဖို့ လီဗာပူလ်းအသင်းရဲ့ တိုက်စစ်မှူး စတာရစ်ကို ခေါ်ယူဖို့ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

ဗလင်စီယာအသင်းနဲ့ အပြိုင်ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အသင်းကတော့ လာလီဂါကလပ်ဖြစ်တဲ့ ရီးရဲလ်ဘက်တစ်အသင်းဖြစ်ပါတယ်။စတာရစ်ကတော့ ပုံမှန်နေရာရဖို့ခက်ခဲနေတဲ့ လီဗာပူလ်းအသင်းကနေ ထွက်ခွာသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။စတာရစ်ကတော့ မည့်သည့်အသင်းကမ်းလှမ်းမှုမဆို လက်ခံစဉ်းစားပေးသွားမယ်လို့ ထုတ်ဖော်ပြောကြားထားတာလဲဖြစ်ပါတယ်။ဇန်နဝါရီအပြောင်းအရွှေ့မှာ စတာရစ်တစ်ယောက် ဘယ်အသင်းဆီ ခိုလှုံသွားမလဲဆိုတာကိုတော့ စောင့်ကြည့်ရမယ်ဗျာ

source - daily mail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။