အခုခေတ် အနေအထားအရမှာ ယောကျင်္ားလေးရော၊ မိန်းကလေးတွေပါ ဆိုင်မှာ ခေါင်းလျှော်လာကြပါတယ်။ မိန်းကလေး အများစုကလည်း ခေတ်စကားအရ နန်းဆန်တာကို သဘောကျ ကြပြီး ဆံပင် အရှည် ထားဖြစ်တဲ့အခါ အလွယ်တကူပဲ ဆိုင်မှာ ခေါင်းလျှော်ဖြစ်ကြပါတယ်။ ဒီလို ဆိုင်မှာ ခေါင်းလျှော်လေ့ ရှိတဲ့ ကိုကို မမ များအတွက် ကျန်းမာရေး ဗဟုသုတ ရရှိစေဖို့ သိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

(၁) လူတိုင်းတွင် ဓာတ်မတည့်ခြင်း ပြသနာ ရှိတတ်တာကို သတိရပါ။

လူတစ်ဦးတိုင်းတွင် ဓာတ်တည့်ခြင်း မတည့်ခြင်းဆိုတဲ့ ဇီဝဖြစ်စဉ်တွေ အများကြီး ရှိပါတယ်။ ဦးရေပြားမှာ တစ်ယောက်သုံးစွဲသော ခေါင်းလျှော်ရည် ၊ မိတ်ကပ် ပေါင်းတင်ဆေး နဲ့ အခြား အရောင်ဆိုးဆေးတွေက အခြားတစ်ယောက်အနေနဲ့ ဓာတ်တည့်ချင်မှ တည့်ပါလိမ့်မယ် ဆိုတာ သတိရပါ။ သူ့လို အဆင်ပြေမှာပဲ ဆိုတဲ့ စိတ်နဲ့ စမ်းသပ်မကြည့်ပါနဲ့။

(၂) ခေါင်းလျှော်သင့်တဲ့ အချိန်နဲ့ နေရာကို သတိပြုပါ။

နေပူထဲမှာ အကြာကြီး လမ်းလျှောက်လာပြီးမှ ဆိုင်မှာ ခေါင်းဝင်လျှော်တာမျိုး မလုပ်ပါနဲ့။ ရာသီဥတု အရမ်း အေးလွန်း၊ ပူလွန်းနေတဲ့ အချိန်မှာ ခေါင်းမလျှော်ပါနဲ့။ ဒါ့အပြင် ဆိုင်မှာ ကိုယ်ခေါင်းလျှော်နေတဲ့ ခေါင်းလျှော်စင် အနီးမှာ ပန်ကာလေ ရှိခြင်း၊ အဲယာကွန်းလေ တည့်တည့်ကျရောက်ခြင်းတို့ကို ရှောင်ပါ။ ခေါင်းလျှော်ရမဲ့ အချိန်နဲဲ့ နေရာကိုလည်း ဂရုစိုက်သင့်ပါတယ်။ 

(၃) သန့်ရှင်းသပ်ရပ်မှုကို လေ့လာပါ။

ခေါင်းလျှော်ပေးတဲ့သူကလည်း တစ်ကိုယ်ရည်သန့်ရှင်းဖို့ လိုအပ်ပါတယ်။ အရေပြား ကူးစက်ပိုးများတဲ့ လက်သည်းကြား အတွင်းကနေ တစ်ဦးကို ခေါင်းမှ အခြားတစ်ဦးရဲ့ ခေါင်းကို ရောဂါကူးစေပါတယ်။ ဆိုင်ရဲ့ သန့်ရှင်းရေးနဲ့ သုံးတဲ့ ဘီးကလည်း သန့်ရှင်းသပ်ရပ်နေဖို့ လိုပါတယ်။ ဘီးကလည်း မျှဝေ မသုံးစွဲသင့်တာမို့ ဖြစ်နိုင်ရင်တော့ ဆိုင်မှာ ခေါင်းသွားလျှော်တဲ့အခါ ဘီး ယူသွားတာ အကောင်းဆုံးပါပဲ။

(၄) ခေါင်းလျှော်ပြီးလို ့ နှိပ်နယ်ပေးတဲ့အခါ သတိထားပါ။

ခေါင်းလျှော်ပြီးတဲ့အခါ အနှိပ်ခံခြင်းနဲ့ ပတ်သက်ပြီး သေချာ မသိနားမလည်ဘဲ ခေါင်းနဲ ့ဂုတ်ပိုးများကို ဇိမ်ရှိရှိ အနှိပ်ခံ တတ်ကြပါတယ်။ အဲ့လိုလုပ်မှ ပေါ့သွားတယ်အကြောတွေပြေပြီး ခေါင်းကြည်တယ်လို ့ထင်ကြပါတယ်။ ခေါင်းလျှော်ပေးတဲ့သူက နှိပ်နယ်ခြင်းကို အချိန်သက်သက်ပေးပြီး သင်ယူလေ့လာထားတာ မဟုတ်တာကြောင့် ဒီလို အနှိပ်ခံခြင်းက စွန့်စားမှု သက်သက်တစ်ခုပဲ ဖြစ်တယ်လို့ အကြံပေးချင်ပါတယ်။ 

(၅) နားဆေးခြင်းကို ရှောင်ကြဉ်ပါ။

နားထဲကိုလည်း ရေထည့်၍ သန့်စင်ပေးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ နားကျန်းမာရေးအတွက် အထူးသတိထားရန် အရေးကြီးပါတယ်။ နားအတွင်းရေဝင်ခြင်းကြောင့် ကျန်ရှိနေခဲ့တဲ့ ရေတွေက အချိန်ကြာလာတဲ့အခါ နားအတွင်း မှိုရောဂါဖြစ်ခြင်း၊ နားအူခြင်း ၊ နားကိုက်ခြင်း နှင့် နားပြည်တည်ခြင်း တို ့ ဖြစ်တတ်ပါတယ်။

ဖော်ပြပါ အကြောင်းအရာတွေကို သိရှိပြီးနောက်မှာတော့ ဆိုင်မှာ ခေါင်းသွားလျှော်တဲ့ အခါ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို လိုက်နာကြဖို့ ထပ်မံပြီး တိုက်တွန်းချင်ပါတယ်။ ကျန်းမာလှပပြီး သာယာပျော်ရွှင်သော နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

သတင်းအရင်းအမြစ် - Google  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။