ချဲလ်ဆီးအသင်းဟာ အဲဗာတန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘာကလေကိုခေါ်ယူရန် ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ယခုနှစ်လူဝယ်ရာသီအစမှာ အဲဗာတန်အသင်းကနေ ထွက်ခွာလုနီးပါးဖြစ်ခဲ့တဲ့ ဘာကလေကတော့ လူဝယ်ရာသီပြီးဆုံးချိန်မှာ အဲဗာတန်အသင်းမှာသာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းကနေ ထွက်ခွာဖို့တောင်းဆိုထားတဲ့ ဘာကလေကို ချဲလ်ဆီးအသင်းက ခေါ်ယူဖို့နောက်ထပ်တကြိမ် ကြိုးစားလာခဲ့တာလည်းဖြစ်ပါတယ်။ 

အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ ဘာကလေဟာ ကွင်းလယ်တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြကစားနိုင်တာကြောင့် အသင်းကြီးအများစုက ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ယခုနှစ်လူဝယ်ရာသီအစမှာ ခေါ်ယူဖို့ နီးစပ်ခဲ့ပေမဲ့ ဘာကလေက ငြင်းပယ်ခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတာလည်းဖြစ်ပါတယ်။ဘာကလေဟာ အဲဗာတန်အသင်းနဲ့ စာချူပ်သက်တမ်း ကုန်ဆုံးမဲ့ အချိန်ကတော့ ၃၀.၆ . ၂၀၁၈ မှာဖြစ်ပါတယ်၊

ဘာကလေ ဟာယခုနှစ်ရာသီမှာအဲဗာတန်အသင်းနဲ့ အတူ တစ်ပွဲမှ ပါဝင်မကစားရသေးတာလည်းဖြစ်ပါတယ်။ဒဏ်ရာပြသာနာတွေ ရှိနေတာကြောင့် အဲဗာတန်အသင်းနဲ့ ပူပေါင်းနိုင်ခဲ့ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းဟာ ရာသီအစက ရလဒ်တွေဆိုးဝါးနေခဲ့တာဖြစ်ပြီး နည်းပြ ရော်နယ်ကိုလ်းမန်းကို ကိုထုတ်ပယ်ခဲ့ကာ ဆမ်အလာဒိုက် ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းဟာ လက်ရှိမှာ အဆင့် ၁၀ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။ 

source - mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။