ပုဂံဆိုတာကတော့ မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုများနှင့်ပြည့်နှံ့နေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ပုဂံကတော့ မြန်မာနိုင်ငံမှာသာမက ကမ္ဘာပေါ်မှာပါ နာမည်ကျော်ကြားတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ ယခုအခါမှာတော့ ပုဂံကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးအတွက် ကြိုးပမ်းလှုပ်ရှားလျက်ရှိပါတယ်။ ထို့ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအနေဖြင့် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ထောက်ခံကြိုဆိုပွဲကို ပုဂံဒေသခံများကလုပ်ဆောင်သွားဖို့ရှိပါတယ်။

အဆိုပါ ထောက်ခံကြိုဆိုပွဲကို ပုဂံဒေသခံများအနေဖြင့် ဒီဇင်ဘာ၁၉ရက်နေ့တွင် လုပ်ဆောင်သွားမည်ဖြစ်ပါတယ်။ ထောက်ခံကြိုဆိုပွဲကို အလို တော်ပြည့်ဘုရား အနောက်ဘက် ရှိ ခေမင်ခဘုရားအုပ်စုအနီးတွင် ဆိုင်းဘုတ်များထောင်ကာ ပြုလုပ် မည်ဖြစ်ပါတယ်။ ယင်းဘုရားပတ်ဝန်း ကျင်ကိုလည်း သန့်ရှင်းရေးပြုလုပ် မည်ဖြစ်ကြောင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း ပါဝင် သော မြင်းကပါရွာအုပ်ချုပ်ရေးမှူး ကိုအောင်စိုးလင်းကပြောခဲ့ပါတယ်။ ‘‘အကုန်လုံးပါဝင်ကြပါလိမ့် မယ်။ ကြိုဆိုပွဲလုပ်ကြမှာပေါ့’’ဟု ကိုအောင်စိုးလင်းကပြောကြားခဲ့ပါတယ်။ 

ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသကို ယူနက်စကို၏ ကမ္ဘာ့အ မွေအနှစ်ဒေသအဖြစ် စာရင်းတင် သွင်းမှုကို ယခင်ကဒေသခံအချို့ ကန့်ကွက်ခဲ့ပါတယ်။ သို့သော် လက်ရှိအချိန်တွင် နှစ်ဖက်ညှိနှိုင်းမှု ကြောင့် ပြေလည်မှုရရှိသွားခဲ့တာပါ။ ထိုကဲ့သို့ ပုဂံဒေသကို ယူနက်စကိုသို့ မူကြမ်းတင်သွင်းပြီးပါက ပုဂံဒေသသို့ ICOMOS (International Council on Monuments and Sites) ပညာရှင်များ လာရောက်စစ်ဆေးပြီး ဒေသခံများ၏ သဘောထားကို တွေ့ဆုံမေးမြန်းမည်ဖြစ်သည်ဟု သိရှိရပါတယ်။ လက်ရှိအချိန်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် ဧရိယာသည် စတုရန်းဧက ၂၇,၉၇၀ ကျယ်ဝန်းပါတယ်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။