လူတွေအနေဖြင့် တစ်ခါတစ်ယံမှာ နားတွေယားယံလေ့ရှိပါတယ်။ ထိုသို့ဖြစ်ပါက အနည်းငယ်ကုတ်လိုက်ပါက ယားယံမှုပျောက်သွားတတ်ပါတယ်။ ထိုကဲ့သို့ ယားယံရခြင်းမှာ သန့်ရှင်းမှုနည်းတာကြောင့်လည်းဖြစ်ပါတယ်။ ယခုတင်ပြပေးမယ့် အကြောင်းအရာကတော့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပါပဲ။

ယခုဖြစ်ရပ်လေးကတော့ နားထဲတွင် ပိုးဟပ်၂၆ကောင်တွေ့ရှိခဲ့တာပါ။ အဆိုပါထူးဆန်းဖြစ်ရပ်ကတော့ တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။ ဝေဒနာခံစားခဲ့ရသူ၏နာမည်ကတော့ လီပဲဖြစ်ပါတယ်။ လီက တရုတ်နိုင်ငံ ဂွမ်ဒေါင်ပြည်နယ်မှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ သူ့အနေဖြင့် နေ့တိုင်းလိုလို နားထဲကယားယံမှုကို ခံစားနေခဲ့ရပါတယ်။

ဒါ့ကြောင့် သူက နောက်ဆုံးမှာ ဆရာဝန်ထံသွားရောက်ပြသဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆရာဝန်တွေအနေဖြင့် စစ်ဆေးမှုတစ်ချို့လုပ်ပြီးနောက် ဓာတ်မှန်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့်လီကို ဓာတ်မှန်ရိုက်ခဲ့ရာ ထူးဆန်းစွာဖြင့် နားထဲတွင် ပိုးဟပ်၂၆ကောင်တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပိုးဟပ်မကြီး၁ကောင်က ပိုးဟပ်လေး၂၅ကောင်ကို လီ၏နားထဲတွင်မွေးခဲ့တာပါ။ ဆရာဝန်တွေက လီကို ခွဲစိတ်ပေးခဲ့လို့ ယခုအခါမှာတော့ လီ၏ဝေဒနာတွေက သက်သာသွားခဲ့ပြီဖြစ်ပါတယ်။

Hein (Mg Lu Aye)

Source – Viral 4 Real