အမျိုးသမီးတွေအနေနဲ့ တစ်ကိုယ်ရေးသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ အမျိုးသမီးတွေ သဘာဝအရ ဓမ္မတာ၊ရာသီလာခြင်းနှင့် ပတ်သက်၍ သိထားသင့်တဲ့ အရာတွေကိုရေသားလိုက်ရပါတယ်။ pad လို့ခေါ်တဲ့ လစဉ်သုံးပစ္စည်း ကိုတွင်းတွင်းကျယ်ကျယ် အသုံးပြုလာကြပါတယ်။ လစဉ်သုံးပစ္စည်းကို အတွင်းခံဘောင်းဘီအတွင်း အချိန်ကြာမြင့်စွာ ထားခြင်းတို့က အန္တရယ်ကို ဖိတ်ခေါ်နေတယ်ဆိုတာ သတိပြုကြစေလိုပါတယ်။ လစဉ်သုံးပစ္စည်းတွေက ဓမ္မတာလစဉ် အဝတ်အထည်တွေကို မစွန်းထင်းစေဖို့ စုပ်ယူထိန်းထားပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အချိန်ကြာကြာထားရင်တော့ ကင်ဆာဝေဒနာကို ဖြစ်စေပါ တယ်နော်။

အမျိုးသမီး လစဉ်သုံးပစ္စည်းတွေဟာ ဓာတုပစ္စည်းတွေနဲ့ပြုလုပ်ထားခြင်းကြောင့် ရာသီသွေးရည်များကို အချိန်ကြာကြာစုပ်ယူထားနိုင်တာပါ။ အဲလိုစုပ်ယူပြီးနောက်မှာတော့ လစဉ်သုံးပစ္စည်းတွေမှာပါတဲ့ ဓာတုပစ္စည်းများဟာ ပျက်ပြယ်လာပြီး စုပ်ယူထားတဲ့သွေးပုပ်တွေကို ဓာတ်ပြောင်းသွားစေပါတယ်။ အနီရောင်ကနေ အစိမ်းရောင်မှိုအဖြစ် ပြောင်းလဲသွားပါတယ်။ အစိမ်းရောင်မှိုများဟာ ယောနိလမ်း ကြောင်းကနေသားအိမ်နဲ့ ဆီးလမ်းတစ်လျှောက်ပျံ့နှံကာ ကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်။

ဒါကြေင့် မိန်းကလေးတွေအနေနဲ့ လစဉ်သုံးပစ္စည်းတွေကို ၄-၅ နာရီလောက် ခြားတိုင်း အသစ်လဲပေးဖို့ မမေ့ကြပါနဲ့ ပြီးတော့ နေ့စဉ်သုံးကပ်ခွာပစ္စည်းတွေကိုလည်း (၅) နာရီကြာတိုုင်း အသစ်လဲပေးပါနော်။ ဆေးမှတ်တမ်းတွေအရ လစဉ်သုံးပစ္စည်းတွေကို အချိန်ကြာကြာသုံးစွဲခြင်းကြောင့် ကင်ဆာရောဂါဖြစ်ပွား ကာကွယ်လွန်သူ အမျိုးသမီးဦးရေ ၂၀၁၃ ခုနှစ်မှာ (၅၆) ဦးအထိရှိနေပါတယ်။ အမျိုးသမီးတွေအနေနဲ့ တကိုယ်ရေသန့်ရှင်းရေးကို လွန်စွာမှဂရုစိုက်ရမှာဖြစ်ပါတယ်။ လစဉ်သုံးပစ္စည်းတွေက စျေးကြီးနေလိုပဲ ဖြစ်ဖြစ် အသစ်လဲဖို့ အလုပ်မအားတာဖြစ်ဖြစ် ဂရုမစိုက်ဘဲမနေကြပါနဲ့။ အရမ်းအန္တရယ်ရှိပါတယ်နော်။ ဒီသတင်းကိုလည်း သူငယ်ချင်းမိန်းကလေးတွေအချင်းချင်း ရှက်စရာလို့မထင်ဘဲ ကျန်းမာရေးသတင်းအဖြစ် မျှဝေပေးနော်။အားလုံးကျန်းမာပျော်ရွင်နိုင်ကြပါစေ။

Source : Good Health

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။