OnePlus ကတော့ ဖုန်းအသစ်တစ်မျိုးထပ်မံထွက်ရှိလာပါတယ်။ OnePlus အနေဖြင့် ဖုန်းအမြင့်တွေကို ထုတ်လုပ်လေ့ရှိပါတယ်။ ယခုအသစ်ထွက်ရှိလာတဲ့ဖုန်းကတော့ OnePlus 5T ပဲဖြစ်ပါတယ်။ OnePlus 5Tကို ဒီဇိုင်းအလန်းစားတွေ ပစ္စည်းအကောင်းစားတွေနှင့် လုပ်ထားတာကိုတွေ့ရှိရမှာပါ။ 

OnePlus 5T ရဲ့မျက်နှာပြင်အချိုးအစားကတော့ အလန်းပါပဲ။ 18:9 အချိုးအစားရှိတဲ့ မျက်နှာပြင်အချိုးအစားကို OnePlus 5Tကပိုင်ဆိုင်ထားပါတယ်။ Screen အရွယ်အစားကတော့ 6.01လက်မဖြစ်ကာ Resolution ကတော့ 1080 x 2160 pixels ရှိတာကြောင့် ကြည်လင်တဲ့ရုပ်သံကို ခံစားနိုင်မှာ အသေအချာပါပဲ။ ဒါ့အပြင် လက်ဗွေရာစနစ်ကို တပ်ဆင်အသုံးပြုထားပါတယ်။ 

Camera တွေအနေဖြင့် 20 Megapixels နှင့် 16 Megapixels ရှိတဲ့ Dual Camera ၂လုံးဖြင့် အရည်အသွေးမြင့် ဓာတ်ပုံတွေရိုက်နိုင်မည်ဖြစ်တာကြောင့် ကင်မရာဝါသနာရှင်တွေအတွက် အထူးသင့်တော်လှပါတယ်။ ဖုန်း၏ Chipset ကတော့ Qualcomm MSM8998 Snapdragon 835 ဖြစ်ကာ CPUကတော့ Octa-core (4x2.45 GHz Kryo & 4x1.9 GHz Kryo) ဖြစ်တာကြောင့် အလွန်ကို ကောင်းမွန်လှပါတယ်။ ဖုန်းအနေဖြင့် စျေးနှုန်း၂မျိုးကွဲသွားမှာဖြစ်ပြီး 128 GB နှင့် 8 GB RAM ပါ၀င်တဲ့အမျိုးအစားက ရသိန်းရသောင်းခန့်ရှိနိုင်ကာ 64 GB နှင့် 6 GB RAM ပါ၀င်တဲ့ အမျိုးအစားကတော့ ၆သိန်းခွဲဝန်းကျင်ခန့်ရှိနိုင်ပါတယ်။

Hein (Mg Lu Aye)

Source – Gsmarena  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။