မိတ်ကပ်က အပြစ်အနာတော်တော်များများကို ဖုံးကွယ်ပေးထားနိုင်တာဆိုတာက မိတ်ကပ်လိမ်းထားတဲ့ အချိန်ခဏတာကိုပါပဲ။ ပင်ကိုအလှဆိုတာကလည်း မိန်းခလေးတို့အတွက် လိုအပ်ပါသေးတယ်။ သဘာဝဆန်တဲ့အလှအပက အကောင်းဆုံးပါပဲ။ ဒါကြောင့် ပင်ကိုလှတဲ့ အလှအပကိုရရှိဖို့အတွက် အလွယ်တကူရနိုင်တဲ့ အသီးအနှံတွေ ဘယ်လိုပြုလုပ်နိုင်မလဲဆိုတာကို ဖော်ပြပေးထားပါတယ်။

(၁) သခွားသီး

သခွားသီးကို မျက်နှာမှာကပ်ပေးပါက ရေဓာတ်ဖြည့်ပေးတာကြောင့် မျက်နှာကအသား အရည်တွေ ကို ကြည်လင်ချောမွေ့စေပါတယ်။

(၂) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက အသားအရည်လှကစေတာကတော့ သိပြီးသားဖြစ်မယ်ထင်ပါတယ်။ အဝိုင်လေးတွေလှီးပြီး မျက်နှာမှာ ကပ်ပေးမယ်ဆိုရင်တော့ အသားအရည်စိုပြည်စေ တဲ့အပြင် အနီစက်များနှင့် တင်းတိတ်များကို ပျောက်ကွယ်စေပါတယ်။

(၃) ထောပတ်သီး

အသားရည်ကိုချော့မွေ့စေတဲ့အပြင် ဆံပင်ရှည်လည်း မြန်စေတာကတော့ ထောပတ်သီးပါ။ ထောပတ်သီးရဲ့အနှစ်များကို မျက်နှာနဲ့ဆံပင်တို့မှာ သုတ်လိမ်းကာ ၁၅ မိနစ်လောက် ကြာတဲ့ အခါ ရေဆေးချလို့ရပါပြီ။ ဒီနည်းကိုအသားအရည်တွေသာမက ဆံပင်အတွက်လည်း အသုံးပြုနိုင်ပါတယ်။

(၄) ငှက်ပျောသီး

ငှက်ပျောသီးမှည့်ကို ဖျော်ပြီး ရလာတဲ့ အပျစ်ရည်များကို မျက်နှာမှာလိမ်းပေးတာ ကလည်း အသားအရည်လှစေပြီး ကြည်လင်ဝင်းပစေပါတယ်။

(၅) အာလူး

အာလူးက မျက်နှာပေါ်က အမဲစက်တွေနဲ့ တင်းတိတ်တွေကို လျော့ပါးစေပါတယ်။

ဒီလိုနည်းလမ်းလေးတွေနဲ့ သဘာဝဆန်တဲ့အလှလေးတွေကို ရယူလိုက်ကြရအောင်။ ငွေကုန်သက်သာပြီး လွယ်ကူရိုးရှင်းတာကြောင့် လှပဖို့အတွက် အချိန်ပေးလိုက်ပါနော်။

Photo - google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။