ဒီဇင်ဘာ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်ရှိ အဓိက ဘတ်စ်ကားမှတ်တိုင်ကို ပစ်မှတ်ထားကာ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။အဆိုပါ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုမှာ အစွန်းရောက်သမားဟာ အသေခံဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့တာလည်းဖြစ်ပါတယ်။ထိုဗုံးခွဲတိုက်ခိုက်မှုကြောင့် အစွန်းရောက်သမား အပါအဝင် လူလေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူများကပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ 

နယူးယောက်မြို့တော်ဝန် ဘီလ်ဘလာစီယိုက "အစွန်းရောက်တိုက်ခိုက်မှု ကျူးလွန်တဲ့ ဖြစ်ရပ်ပါ။ကျူးလွန်ဖို့ ကြံစည်သူဟာ သူရည်းမှန်းထားသလို မအောင်မြင်ခဲ့တာက ဘုရားသခင်ကျေးဇူးပါလို့ " ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။အစွန်းရောက်တိုက်ခိုက်သူဟာ အသက် ၂၇ နှစ် အရွယ်ရှိပြီဖြစ်ပြီး နာမည်ကတော့ အကာယတ်အူလက်ရှ် ဖြစ်ပါတယ်။သူဟာ ဘင်္ဂလားဒေ့ရှ်ကနေ ရောက်ရှိလာတဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတစ်ဦးဖြစ်တယ်လို့ တာဝန်ရှိသူများကပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ 

အစွန်းရောက်သမားဟာ လက်ဖြစ်ပိုက်ဗုံးကို သူရဲ့ ကိုယ်ခန္ဓာမှာ တွဲချည်လာခဲ့တာဖြစ်တယ်လို့လည်း သိရှိရပါတယ်။သူဟာ ဘတ်စ်ကားမှတ်တိုင်မှာ ရှိနေခဲ့ပြီး နံနက် ၇ နာရီခွဲခန့်မှာ ဖောက်ခွဲခဲ့တာလည်းဖြစ်ပါတယ်။သို့သော် နည်းပညာနိမ့် လက်ဖြစ်ဗုံး ဖြစ်တာကြောင့် သူ အပါအဝင် တစ်ခြားသူ သုံးဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ နယူးယောက်အုပ်ချူပ်ရေးမှူး အင်ဒရူးကောမိုက သတင်းစာရှင်းလင်းခဲ့တာလည်းဖြစ်ပါတယ်။ယခုတိုက်ခိုက်မှုဟာ အိုင်အက်စ်တို့အတွက် တိုက်ခိုက်ပေးတာဖြစ်နိုင်တယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။ 

source - mizzima - news im burmese