ငုံးဥဆိုတာ လူတိုင်းသိတဲ့အဟာရဖြည့် အစားစာဆိုလည်းမမှားပါဘူး။ ငုံးဥရဲ့အဟာရတန်းဖိုးကတော့ ကြက်ဥနှစ်လုံးနဲ့ညီမျှပါတယ်။ ငုံးဥကိုစားခြင်းကြောင့် အဆုတ်နဲ့ သရက်ရွက်ကို အားကောင်းစေပါတယ်။ ငုံးဥကို စားသင့်နိုင်တဲ့သူတွေကတော့ ကလေး၊သက်ကြီး၊သွေးအားနည်းသူ၊ မီးဖွားပြီးသူ တို့ပဲဖြစ်ပါတယ်။ ငုံးဥတွက် ဗီတာမင်အေ၊ဘီ 1၊ ဘီ 2၊ calcium ၊မီးစုန်းဓာတ်၊ ဆိုဒီယမ်၊မဂ္ဂနီဆီယမ်၊ ခယ်လီယမ်၊သတ္တုဓာတ် နဲ့ ကိုလက်စထရောတွေ လုံလောက်စွာ ပါဝင်နေပါတယ်။ ငုံးဥဝယ်ရာတွင် လတ်ဆတ်ဖို့က အရေးကြီး ပါတယ်။ငုံးဥကိုဝယ်ပြီး ရေခဲသတ္တာထဲ ထည့်သိမ်းထားပါ။ အက်နေခြင်း၊ အချိန်ကြာနေတဲ့ ငုံးဥကို မဝယ်မိဖို့ မစားမိဖို့ အထူးသတိထားပေးပါ။ တစ်နေ့ကို ၃ လုံးမှ ၅ လုံးအထိစားသုံးနိုင်ပါတယ်။ ငုံးဥမှာပါတဲ့ ဗီတာမင် ဘီ ဟာဆီးချိုရောဂါကို သက်သာစေပါတယ်။ ကို်ယ်အလေးချိန်ထိန်းပေးခြင်း၊ သွေးလည်ပတ်ခြင်းကို ကောင်းမွန်စေခြင်း၊ သွေးခဲခြင်း သွေးဖတ်ပိတ်ခြင်းတို့်ကိုလည်း ကာကွယ်ပေးပါတယ်။

နှလုံးသွေးကြောကျဉ် ရောဂါရှိသူတွေရဲ့အားဖြည့်အစာလည်း ဖြစ်ပါတယ်။ ငုံးဥဟာ သန္ဓေသားနဲ့ ကလေး ငယ်တွေအတွက် သွေးအားကောင်းစေပြီး ကိုယ်ဝန်ဆောင်မိခင်တွေ ငုံးဥကို စားပေးသင့်ပါတယ်။ ငုံးဥကို နွားနို့နှင့် တွဲစားပါက သွေးအားနည်းသူ၊ အင်အားချည့်နဲ့နေသူ၊ အစာအိမ်ဖြစ်နေသူတို့အတွက် သက်သာစေ ပါတယ်။ ငုံးဥကို ဆန်ပြုတ်နှင့် တွဲစားမယ်ဆို်ပါကလည်း သွေးတို်းကျစေပြီး အသည်း၊ ကျောက်ကပ် ကိုလည်းအားဖြည့်ပေးပါတယ်။ တရုတ် ကြက်သွန်မြိတ်ကြော် နှင့် တွဲစားရင် ကျောက်ကပ်အားနည်းခြင်း၊ ခါးနားခြင်း၊ ပန်းသေပန်းညိုခြင်း၊ တို့ကိုသက်သာစေပါတယ်။ တီဘီရောဂါ အဆုတ်အားနည်းသူများ ချောင်းကြာကြာဆိုးသူများ၊ ငုံးဥစားပေးပါက တဖြည်းဖြည်းသက်သာစေပါတယ်။

သတိထားရမှာက ငုံးဥကို လိမ္မော်သီးနှင့် တွဲမစားသင့်ပါ တွဲစားမိပါက ဝမ်းပျက်ခြင်း၊ ဝမ်းဖောဝမ်း ရောင်ဖြစ်ခြင်း၊ အစောမကြေဖြစ်ခြင်း တို့ကိုခံစားရနိုင်ပါတယ်။ ငုံးဥကို ဝက်အသည်းနဲ့တွဲမစားမိဖိို့လည်း အရေကြီးပါတယ်။ စားမိပါက လိပ်ခေါင်းရောဂါ အပြင် အမည်းစက်များဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် တန်ဆေးလွန်ဘေးမဖြစ်ရလေအောင် သတိထားစားသုံးခြင်းကြောင့် ကျန်းမာပျော်ရွင်တဲ့ဘဝ ကိုပိုင်ဆိုင်နိုင်ပါစေ။

Source : ကျန်းမာရေးဗဟုသုတများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။