ဆီးရီးယားကတော့ နိုင်ငံရေးအခြေအနေမတည်ငြိမ်တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဆီးရီးယားကတော့ ပြည်တွင်းစစ်ဖြစ်ပွားနေတာပါ။ အဆိုပါ ပြည်တွင်းစစ်တွင် သမ္မတ ဘာရှာအယ်လ်အာဆတ်ဘက်မှ ရုရှား၏ စစ်ရေးပါဝင်ကူညီခဲ့ခြင်းက ပြည်တွင်းစစ်၏ အခြေအနေကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့ပါတယ်။ ထိုကဲ့သို့ ရုရှား၏ စစ်ရေးအကူအညီနှင့်အတူ သမ္မတ အာဆတ်ကို သစ္စာခံသော အစိုးရ စစ်တပ်များ၏ အခြေအနေ ပြန်လည် ကောင်းမွန်လာခဲ့ပါတယ်။ 

သို့သော် ယခုအခါတွင်မှု ဆီးရီးယားရှိ ရှရှားစစ်တပ်အချို့ကိုပြန်ရုပ်သိမ်းရန် ရှရှားသမ္မတပူတင်အမိန့်ပေးခဲ့ကြောင်း သိရှိရပါတယ်။ ရုရှားသမ္မ ပူတင်သည် ဒီဇင်ဘာ ၁၁ ရက်က ကြိုတင်ကြေညာမှု မရှိဘဲ ဆီးရီးယားသို့ ရောက်ရှိလာခဲ့ပါတယ်။ အဆိုပါ ခရီးစဉ်တွင် ရှရှားသမ္မတပူတင်က ရုရှားတပ်ဖွဲ့ဝင်အချို့ကို ဆီးရီးယားမှ ပြန်လည် ခေါ်ယူရန် အတည်ပြု အမိန့်ပေးသွားခဲ့ပါတယ်။ ထို့ကြောင့် ယခုအခါ ဆီးရီးယားရှိ ရုရှားတပ်ဖွဲ့ဝင် အချို့ကို စတင် ရုပ်သိမ်း ခေါ်ယူနေပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုင်ဂူက ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ 

ရှရှားသမ္မတ ပူတင်အနေဖြင့် ရှရှား စစ်တပ်များ ရုပ်သိမ်းမည့် အစီအစဉ်ကို ပြီးခဲ့သည့်နှစ်ကလည်း ကြေညာခဲ့သော်လညိး ဆီးရီးယားတွင် ရုရှား၏စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်နေခဲ့ပါတယ်။ ယခုအခါ ရုရှားတပ်ဖွဲ့များအားလုံး ဆီးရီးယားမှ ရုပ်သိမ်းမည့် အခြေအနေကို မေးမြန်းရာတွင်မူ ကာကွယ်ရေးဝန်ကြီး ရှိုင်ဂူက ယင်းကိစ္စသည် မြေပြင် အနေအထားပေါ် မူတည်ပြီး ဆုံးဖြတ်ရန်လိုကြောင်း ဖြေကြားခဲ့ပါတယ်။ ပူတင်သည် ဆီးရီးယားသို့ ရောက်ရှိချိန်၌ လာတာကီရာမြို့ရှိ ရုရှား၏ မိုင်မင်လေတပ်စခန်းတွင် ဆီးရီးယားသမ္မတ အာဆတ်နှင့် တွေ့ဆုံခဲ့ပါတယ်။ ရရှားသမ္မတ ပူတင်သည် ဆီးရီးယားသို့ ရောက်ရှိနေချိန်၌ ရုရှားသည် အိုင်အက်စ် စစ်သွေးကြွများအပေါ် တိုက်ပွဲဆင်နွှဲပြီး အောင်မြင်မှု ရရှိခဲ့သည်ဟုလည်း ကြေညာခဲ့ပါတယ်။

Source – The Guardian, 7 Days News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။