စိတ်ပူတတ်တဲ့ ယောက်ျားဆိုတာ ဘယ်လိုမျိုးလဲ။

သင့်ရဲ့ ချစ်ချစ် (သို့) ကိုကိုဟာ စိတ်ပူတတ်တယ်ဆိုရင်တော့ သင်ဟာ အရမ်းကံကောင်းနေပါပြီ။သူတို့တကယ် ချစ်မှ၊သူတို့တွေဟာ သင့်ဘဝအတွက် မရှိမဖြစ် လိုအပ်တဲ့ သူဖြစ်မှ စိတ်ပူတတ်ကြတာပါ။သူတို့ ဘယ်အခါ စိတ်ပူတတ်ကြလဲ ဆိုရင်တော့

၁။ဖျားနေတဲ့အခါဆိုရင်

မိမိက အနည်းငယ် ဖျားတဲ့ အခါမှာ စိတ်ပူတတ်တဲ့ ယောက်ျားများ အနေနဲ့ကတော့ ဘေးကနေပြီးတော့ ပြုစု ယုယပေးပါလိမ့်မယ်။ မိမိစားချင်တာတွေ လုပ်ပေးလိမ့်မယ်၊ မိမိအတွက် အသေးစိတ်ကို သူတို့တွေက ပြုစု ယုပေးပါလိမ့်မယ်။

၂။ခဏခဏ ဖုန်းဆက်တာဆိုရင်

မိမိခရီးသွားတာ ဖြစ်ဖြစ်၊ အပြင်ကို သွားတာဖြစ်ဖြစ် ခဏခဏ ဖုန်းဆက်ပြီး မေးတဲ့ ခင်ပွန်းမျိုး ချစ်သူမျိုးတွေဟာ စိတ်ပူတတ်တဲ့ ယောက်ျားမျိုး ဖြစ်ပါတယ်။ စိတ်ပူတဲ့ အတွက်ကြောင့်ခဏခဏ ဖုန်းဆက်ခြင်း ဖြစ်ပါတယ်။

၃။ စိတ်ပူတာကြောင့် ဒေါသထွက်တယ်ဆိုရင်

မိမိခင်ပွန်း (သို့) ချစ်သူဟာ စိတ်ပူလွန်းပြီး ဒေါသတကြီး အော်ငေါက်တာတွေ ရှိချင် ရှိပါလိမ့်မယ်။ ဒါတွေဟာ တကယ်တော့ စိတ်ပူလို့ ဖြစ်သွားရတာပါ။ သူ့ကို နားလည် ပေးလိုက်ပါ။

၄။ မွန်းကျပ်သလို ခံစားရမယ်ဆိုရင်

စိတ်ပူပြီး မိမိကိုယ် ပြုစုယုယတယ်၊ ဖုန်းတွေ ဆက်တယ် စသဖြင့် လုပ်ပေးတဲ့ ယောက်ျားမျိုးကြောင့် တစ်ခါတစ်လေ မွန်းကြပ်သလိုမျိုး ခံစားချင် ခံစားရလိမ့်မယ်။ သူတို့ရဲ့ချစ်တဲ့ စိတ်ကို နားလည်အောင်ကြိုးစားပါ။

၅။တစ်ခါတစ်လေ ကလေးဆန်တယ်ဆိုရင်

စိတ်ပူတတ်တဲ့ ယောက်ျားတွေဟာ တစ်ခါတစ်လေဆို အော်တယ်၊ ပြီးရင် ငိုချင်ရင်လည်း ငိုချလိုက်တာပဲ သူတို့တွေဟာ ကိုယ့်ချစ်သူအတွက် ကလေးဆန်လွန်းတဲ့ ကလေးဆိုးကြီးတွေ ဆိုလည်း မှားမယ်မထင်ပါဘူး။

Credit-မြန်မာသတင်းထူးသတင်းဦးများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။