ဘရားဇီးလ်တိုက်စစ်မှုး ရော်နယ်ဒင်ဟိုကိုတော့ ဘောလုံးပရိသတ်တွေအားလုံးရင်ထဲမှာရှိနေသေးမှာ အမှန်ပါပဲ။ဘာစီလိုနာ၊ PSG၊ အေစီမီလန်အသင်း တို့နဲ့ မှော်ခြေစွမ်းတွေပြသနိုင်ခဲ့တဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူး။သူရဲ့ အတိုးအလှုပ်တွေ၊ အလိမ်အခေါက်တွေ၊ ကန်သွင်းချက်တွေ ကို ပါးစပ်အဟောင်းသားနဲ့ ကြည့်ခဲ့ရတဲ့ အချိန်တွေကတကယ့်ကို အားပေးရကျိုးနပ်ခဲ့တဲ့ အချိန်တွေပဲဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် အမြဲတမ်း ရယ်မောနေတဲ့ သူရဲ့ အားသာချက်က ဘောလုံးပရိသတ်တွေ အမြဲတမ်းမှတ်မိနေစေတာလည်းဖြစ်ပါတယ်။ရော်နယ်ဒင်ဟိုဟာ ဘောလုံးလောက ကနေအနားယူသွားပြီလို့ကြေညာခဲ့တာ ၂ နှစ်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။သို့သော် ဘောလုံးလောက ထဲကို ပြန်ဝင်ရောက်လာခဲ့မယ်လို့ ကြေငြာခဲ့ပေမဲ့ အခုချိန်ထိတော့ ပရော်ဖက်ရှင်အနေနဲ့ ကစားတာကို မြင်တွေ့ရခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒင်ဟိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘရားဇီးလ်နိုင်ငံ ဆာအိုပေါ်လို မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပရဟိတ ရန်ပုံငွေဘောလုံပွဲမှာ ပါဝင်ကစားပေးခဲ့ပါတယ်။အဆိုပါပွဲမှာ ရော်နယ်ဒင်ဟို က မထင်မှတ်ထားတဲ့ အခြေအနေဖြစ်တဲ့ ကွင်းလယ် စက်ဝိုင်း နားကနေ တဖက်ဂိုးကို သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ပြိုင်ဘက်အသင်းဂိုးပေါက်နဲ့ ကန်သွင်းတဲ့နေရာဟာ ကိုက် ၆၀ ကွာဝေးတာလည်းဖြစ်ပါတယ်။မှော်ဝင်ခြေစွမ်းတွေနဲ့ အခုအချိန်ထိဖျော်ဖြေမှုပေးနေတဲ့ ရော်နယ်ဒင်ဟိုရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

source - fox sports asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။