မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာ ဟာ ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကို ခေါ်ယူရန်ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ဖူးတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ပေါ့ဘာက သူ ဂျူဗင်တပ်အသင်းမှာ ကစားနေစဉ်မှာပဲ ရီးရဲလ်မက်ဒရစ်အသင်းက ကမ်းလှမ်းခဲ့တာဖြစ်ပြီး ထိုကမ်းလှမ်းမှုကိုလက်ခံရန်စဉ်စားခဲ့ပြီးနောက် ပယ်ချခဲ့ကာ မန်ယူအသင်းကို ရွေးချယ်လိုက်တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ 

ပေါ့ဘာဟာ မန်ယူအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားတစ်ဦး ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။မန်ယူနည်းပြရာထူးကို မော်ရင်ဟိုလက်ခံရယူခဲ့ပြီးနောက် ၂၀၁၆- ၂၀၁၇ ရာသီမှာ ပေါ့ဘာကို မန်ယူအသင်းထံပြန်လည်ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာ ပေါ့ဘာဟာ မန်ယူအသင်းနဲ့အတူ ယူရိုပါလိဂ် ဆုဖလားနဲ့ EFL Cup ရယူနိုင်ခဲ့တာကို ကျေနပ်ပျော်ရွင်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

ပေါ့ဘာ ဖွင့်ဟ ပြောကြားခဲ့တဲ့ အကြောင်းအရာတွေကတော့ “အရိုးသားဆုံး ပြောရရင် ရီးရဲလ်အသင်းက ကျွန်တော့်ထံလာရောက်ပြီး အပြောင်းအရွှေ့ကိစ္စကို စကားပြောခဲ့ပါတယ်၊ ကျွန်တော် ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့တဲ့ အချိန်မှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖို့ကိုပါ တစ်ချိန်တည်း စဉ်းစားခဲ့တာပါ။”

“ဒါပေမယ့် ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အမြဲခံစားနေရတာ တစ်ခုရှိပါတယ်။ စိတ်ထဲမှာ က မန်ချက်စတာ ယူနိုက်တက်အသင်းကိုပဲ ပြန်လည်ပြောင်းရွှေ့ဖို့ တိုက်တွန်းနေခဲ့ တာကြောင့် အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို ဘယ်လိုချမှတ်ခဲ့လည်း ကိုယ့်ကိုကိုယ်တောင် မယုံနိုင်ခဲ့ပါဘူး၊ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အတွက် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး” လို့ ပေါ့ဘာက ပြောကြားခဲ့ပါတယ်။

source - fox sports asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။