လူငယ် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ အဆိုတော် X-Box ရဲ့ ဒုတိယမြောက် သူ့ရဲ့ သီချင်း အခွေကတော့ မကြာခင် ထွက်ရှိတော့မှာ ဖြစ်ပါတယ်..။

ထိုစီးရီးအခွေသစ်ထဲမှာတော့ သူကိုယ်တိုင်ရေးသားထားတဲ့ သီချင်းတွေလည်း ပါဝင်ပြီး Featuring သီဆိုပေးမယ့် သူတွေအတွက်လည်း သီးသန့်အပ်ထားတဲ့ တေးရေးဆရာများ ပါဝင်တယ်လို့ ဆိုပါတယ်။

“99” လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ Music Album လေးထဲမှာ သီချင်း (၁၅)ပုဒ် ပါဝင်တယ်လို့သိရပြီး လာမယ့် ဇန်နဝါရီလထဲမှာ ထွက်ရှိမှာ ဖြစ်တဲ့အတွက် မကြာခင်မှာ ပရိသတ်တွေ လက်ထဲ ရောက်ရှိတော့မှာ ဖြစ်ပါတယ်..

သူကိုယ်တိုင်က အသစ်အသစ်တွေ ခုံမင်ဖန်တီးရတာကြိုက်တဲ့ အတွက် ဒုတိယအခွေကတော့ အရင် အခွေထက် ပိုပြီးသစ်လွင်တဲ့ ဟစ်ဟော့ပ်သီချင်းတွေ ပါတယ်လို့ ဆိုပါတယ်..။

အခွေ ပရိုမိုးရှင်းလုပ်တဲ့ ပုံစံကို ခွဲထွက်ချင်တဲ့ အတွက် ဒီတစ်ခေါက် ထွက်ရှိမယ့် “99” အခွေကိုတော့ ပရိုမိုးရှင်း လုံးဝမလုပ်တော့ဘူးလို့ ဆိုပါတယ်..။

ပထမအခွေတုန်းကတော့ ပရိသတ်တွေ မသိသေးတဲ့အတွက် ပရိုမိုးရှင်း လုပ်တာ ဖြစ်ပြီး ဒီတစ်ခါတော့ ပရိုမိုးရှင်း ပွဲသေးသေးလေးတွေ မလုပ်တော့ပဲ 99 Hardcore Party ပွဲလေး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်..။

သူ့ရဲ့ သီချင်းအခွေလေးနဲ့ ပတ်သက်ပြီးတော့လည်း “ကျွန်တော်နဲ့ အစ်ကိုလိုခင် တဲ့ ကိုသိန်းလင်းစိုးလည်း တစ်ပုဒ် ရေးပေးထားပါတယ်။ သူရေးပေး တဲ့အပုဒ်တော့ ကျွန်တော်ဆိုမှာ ပါ။ Featuring တွေကတော့ နည်းနည်းများလို့ပါ..။

မိန်းကလေး နှစ်ယောက်ပါမယ်.. ယောကျ်ား လေးကတော့များတယ်.. အဓိက Underground က ရက်ပါတွေ တော်တော်များများပါတယ်..။

လုံးဝ Mainstream ပေါ် မရောက် ဖူးတဲ့အသစ်တွေပါ..။ နောက်ပြီး ကျွန်တော့်ဘော်ဒါတွေ ရွှေထူးတို့၊Lil’z တို့ ပါပါတယ်..” လို့ ပြောထားတာလည်း တွေ့ရပါတယ်..။

အဓိကကတော့ ကျွန်တော်နဲ့ ရင်ဘတ်ချင်းတူတဲ့ ပရိသတ်တွေဆီ တိုက်ရိုက်ရောက်သွားမယ့်အခွေလေး ဖြစ်တယ်လို့လည်း ပြောထားပါသေးတယ်..။

Source – 7day Daily

Photo – X-Box fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။