တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း အဆိုတော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ G-Dragon ကတော့ IU အတွက် သူကိုယ်တိုင် ပြုလုပ်ထားတဲ့ လက်ဆောင်ကို ပေးခဲ့ပါတယ်..။

Big Bang's အဖွဲ့ဝင် G-Dragon က သူကိုယ်တိုင် ပြုလုပ်ထားတဲ့ handmade လေးကို ပြင်ဆင်ပြီး လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်..။

ဒီဇင်ဘာ(၁၂)ရက်နေ့က IU က သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ ဗီဒီယိုဖိုင်လေး တစ်ခု တင်ခဲ့ပါတယ်..။

အဲ့ဒီ ဗီဒီယိုဖိုင်လေးကတော့ IU ရဲ့ “Palette” album ကို G-Dragon က သူကိုယ်တိုင် handmade တွေ ပြုလုပ်ပြင်ဆင်ပြီး လက်ဆောင်ပေးထားတဲ့ ပုံတွေပဲ ဖြစ်ပါတယ်..။

IU ရဲ့ Album ကို အသစ်ပြန်လည်ပြင်ဆင်ထားတဲ့ G-Dargon ရဲ့ handmade design ဖြစ်ပြီး G-Dragon ကိုယ်တိုင် အနုပညာလက်ရာမြောက်မြောက် ခြယ်သပြင်ဆင်ပေးထားတာ ဖြစ်ပါတယ်..။

အတွင်းပိုင်းမှာလည်း ဆေးရောင်လေးတွေ ရေးဆွဲထားတဲ့ပုံတွေနဲ့ G-Dargon ကိုယ်တိုင် ဖန်စီ ပန်းစတေကာလေးတွေနဲ့ အလှဆင် ဖန်တီးပြင်ဆင် ထားတာ တွေ့ရပါတယ်..။

အဲ့ဒီအကြောင်းလေးကို IU က သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ထားပြီး “G-Dragon က သူမရဲ့ Album ကို ဝယ်ယူပြီး အတွင်း၊ အပြင်တွေကို handmade ပုံစံလေးနဲ့ ပြင်ဆင်ထားပါတယ်..။

ယွန်းဆေးချယ်ပြီးတော့ အပေါ်မှာ စတစ်ကာလေးလည်း အုပ်ထားပါတယ်..သိပ်လှတဲ့ အတွက် အရမ်း သဘောကျတာပဲ..။ ဘယ်လောက် အံ့သြစရာ ကောင်းတာလေးလည်းဆိုတာ မပြောတတ်တော့ပါဘူး..” လို့လည်း ရေးထားပါသေးတယ်..။

အဲ့ဒီ ပို့စ်ရဲ့ အောက်မှာတော့ G-Dragon ကလည်း “ကျွန်တော် IU ဆီက ပထမဆုံး လက်ဆောင်ရတည်းက ကျွန်တော်လည်း တခုခု အထူးတလည် လုပ်ပေးသင့်တယ်လို့ တွေးနေခဲ့တာပါ..။

နောက်တော့ သူမရဲ့ Album လေး ထွက်တာနဲ့ handmade လေးတွေ လုပ်ပေးမယ်လို့ ဆုံးဖြတ်ခဲ့တာပါ..” လို့ သူမရဲ့ ပို့စ်အောက်မှာ Comment ပြန်လည် ရေးသားခဲ့ပါတယ်..။

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။