ပရိသတ်တွေညစဉ်စောင့်မျှော်အားပေးခဲ့ကြရတဲ့ "အမုန်းမှသည်" MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲလေး ကတော့ ထုတ်လွင့်မှု ပြီးဆုံးခဲ့ပြီး ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ ပြီပဲဖြစ်ပါတယ်။ 

"အမုန်းမှသည်" ဇာတ်ကားလေးဟာ တက်သစ်စ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားပြီး ထူးခြားတဲ့ အနုပညာပြကွက်တွေနဲ့ တစ်ရက်ထက်တစ်ရက် ဇာတ်ရှိန်မြင့်လာပြီး ပရိသတ်တွေကို ပိုမိုစွဲဆောင်နိုင်ခဲ့တာကြောင့် အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး ပရိသတ်တွေ အထူးသဘောကျ နှစ်သက်ခဲ့ ကြရတဲ့ ဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ 

"အမုန်းမှသည်" ဇာတ်ကားလေးထဲမှာ ကိုးလ်ဆိုတဲ့ ဇာတ်ကောင်လေး နေရာက ပါဝင်သရုပ်ဆောင် ခဲ့တဲ့ မင်းသားချော ကောင်းမြတ်စံကတော့ ဇာတ်ကားလေး ထုတ်လွင့်ပြသမှု ပြီးသွားပြီ ဆိုတော့ ကိုးလ်ဆိုတဲ့ ဇာတ်ကောင်လေးဟာ မကြာခင်မှာ ပရိသတ်တွေရင်ထဲကနေ ပျာက်ကွယ်သွားမှာကို စိုးရိမ်နေတာပဲဖြစ်ပါတယ်။

ကောင်းမြတ်စံရဲ့ လူမှုကွန်ယက်မှာလည်း "အမုန်းမှသည် ပြီးသွားပြီဆိုတော့ သိပ်မကြာခင်မှာ ကိုးလ်ဆိုတာ မင်းလေးတို့ ရင်ထဲကနေ ပျောက်ကွယ်သွားမှာပါ" လို့ ရေးသားခဲ့တာပဲဖြစ်ပါတယ်။ 

ကိုးလ်ရဲ့ ချစ်ပရိသတ် တွေကတော့ ဘယ်တော့မှမမေ့ဘူး ၊ အမြဲအားပေးနေတဲ့ အကြောင်း၊ နောက်ထပ်ရိုက်ကူးမယ့် ဇာတ်လမ်း တွဲလေးတွေ ကိုအားပေးဖို့ စောင့်မျှော်နေကြောင်း သူရဲ့ပိုစ့်အောက်မှာ ရေးသားခဲ့ကြ တာပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ကြောက်ခမန်းလိလိ အားပေးမှုတွေကြောင့် မင်းသားချော ကောင်းမြတ်စံ တစ်ယောက် ပီတီအပြုံးတွေ ဝေဆာခဲ့ရတာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ မင်းသားချော ကောင်းမြတ်စံဟာ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲတစ်ခြမ်း ဖြစ်လို့လာခဲ့ပြီး အနုပညာလမ်းကြောင်းမှာအောင်မြင်မှုများစွာနဲ့ဆက်လက်လျောက်လှမ်းနေသူတစ်ဦးပဲဖြစ်ပါတယ်။ 

MRTV-4 ရုပ်သံဇာတ်လမ်း တွဲတွေကနေ ပရိသတ်တွေ စတင်သတိထားမိခဲ့ပြီး ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးနဲ့ ပြုံးလိုက်တဲ့ သူရဲ့ရူးလောက်တဲ့ အပြုံးလေးတွေကြောင့် မိန်းကလေး ပရိသတ်တွေ အရူးအမူး အားပေးလာခဲ့ ကြတာပဲဖြစ်ပါတယ်။ 

ချစ်ပရိသတ်တွေကလည်း ကိုးလ်စိတ်ပူနေသလို ပရိသတ်တွေ ရင်ထဲကနေ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးမလားပရိသတ်ကြီး။  

သတင်းအရင်းအမြစ် - ကောင်းမြတ်စံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။