ဟောင်ကောင်မှာ နေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ်မိန်းကလေးဟာ ချစ်သူကောင်လေးရဲ့ စိတ်တိုင်းကျ လိုက်လျောမှုတွေပြုလုပ်ခဲ့ပါတယ်။သူရဲ့ချစ်သူကောင်လေးဟာ သူကြိုက်နှစ်သက်တဲ့ ရုပ်မရမချင်း သူမရဲ့ မျက်နှာကို ခွဲစိတ်မှုတွေပြုလုပ်စေခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့် သူမဟာ ပလတ်စတစ်ဆာဂျရီကို အကြိမ် သုံးဆယ် ကျော်လုပ်ဆောင်ခဲ့ရတာလည်းဖြစ်ပါတယ်။သူမရဲ့ နာမည်ကတော့ ဘယ်ရီအန်ဂျီပဲ ဖြစ်ပါတယ်။

သူမဟာ အသက် ၁၇ နှစ်အရွယ်ကနေစပြီး အလှအပခွဲစိတ်မှုတွေစတင်လုပ်ဆောင်ခဲ့ရတာလည်းဖြစ်ပါတယ်။သူမဟာ မိမိထက် ကိုးနှစ်ကြီးတဲ့ အမျိုးသားတစ်ယောက်နဲ့ ချစ်သူဖြစ်ခဲ့ပါတယ်။အဆိုပါ ချစ်သူအမျိုးသားဟာ သူမရဲ့ ရုပ်ရည်ကို အခြားမိန်းကလေးတွေနဲ့ နှိုင်းယှဉ်ကာ ချိုးချိုးဖဲ့ဖဲ့ ပြောဆိုလေ့ရှိပါတယ်။ဒါကြောင့် သူမဟာ သူ့ချစ်သူ စိတ်တိုင်းကျအောင် အကြိမ် ၃၀ ကျော် မျက်နှာခွဲစိတ်မှုတွေ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

သူမဟာ အလှပြုပြင်ရေးစင်တာတစ်ခုမှာ ထိုးဆေးသုံးကြိမ် ကို ၁၀၅ ဒေါ်လာပေးပြီး စတင်လုပ်ဆောင်ခဲ့ပါတယ်။ထို့နောက် အလှပြုပြင်ဖန်တီးသူက ဒေါ်လာ ၂၁၇၅ ကျသင့်တဲ့ ဆေးကိုပြောင်းထိုးရန်အကြံပေးခဲ့ပြီး သူမကလည်း အလှအပကုသမှုကို ဆက်တိုင်လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။သို့သော်လည်း သူမရဲ့ ချစ်သူနဲ့ ယခုအခါ လမ်းခွဲခဲ့ရပြီလည်းဖြစ်ပါတယ်။ဒါ့ကြောင့်သူမဟာ သူမကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဝေမျှကာ ချစ်သူ၊ ခင်ပွန်းတွေအတွက် ဘယ်တော့မှ အလှအပခွဲစိတ်မှုတွေမပြုလုပ်သင့်ကြောင့် ပညာပေးတိုက်တွန်းမှုတွေပြုလုပ်နေခဲ့ပြီလည်းဖြစ်ပါတယ်။

source- pyi myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။