အမေရိကန်လက်ဝှေ့ကျော် ရူံးပွဲမရှိ စံချိန်တင်ထားတဲ့ မေဝယ်သာကတော့ လက်ဝှေ့လောကမှ အနားယူနေချိန် ကမ္ဘာ့တစ်ဝှမ်းကို လည်ပတ်နေသူတစ်ယောက်ဖြစ်ပါတယ်။ မေဝယ်သာကတော့ ချမ်းသာသူတစ်ဦးဖြစ်သလို အပျော်အပါးကို ခုံမင်သူတစ်ယောက်လညး်ဖြစ်ပါတယ်။ ယခုလည်း မေဝယ်သာကတော့ ထိုင်းနိုင်ငံ ရှိသဘာဝအလှတရားတွေကို ခံစားရင်း ဖူးခက်​ကျွန်းမှာ အပန်းဖြေလျှက်ရှိနေပါတယ်။

မေဝယ်သာကတော့ အရင်က ဥရောပနိုင်ငံတွေကို အများဆုံးခရီးထွက်လေ့ရှိပြီး ယခုတော့ အာရှဘက်ကိုစတင် ခရီးထွက်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ အာရှတွင် ဂျပန်၊ တရုတ်နဲ့ ယခု ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး ဖူးခက်ကျွန်းအလှတရားကြီးကို လှေဖြင့် လှည့်လည်ကာ အပန်းဖြေနေပါတယ်။ မေဝယ်သာကတော့ ယခင်တရုတ်နိုင်ငံတွင် အချိန်တွေသုံးစွဲခဲ့ပြီး လက်ရှိ ထိုင်းနိုင်ငံတောင်ဘက်သို့ စိတ်အပန်းဖြေရန် ပြောင်းရွှေ့ခဲ့ပါတယ်။ 

မေဝယ်သာဟာ ထိုင်းနိုင်ငံရဲ့အထင်ကရနေရာများနဲ့ ဖူးခက်ကျွန်းရဲ့ညအလှများကို ကြည့်ရူသည့် အပြင် ဓာတ်ပုံများကိုလည်း ရိုက်ကူးခဲ့ကြောင်း တွေ့ရပါတယ်။ ကမ္ဘာအနှံ့ ခရီထွက်နေသော အမေရိကန် လက်ဝှေ့ကျော် မေဝယ်သာရဲ့ ကျန်ရှိနေသော အချိန်များဟာ ဘယ်လိုပျော်စရာကောင်းမယ်ဆိုတာ စောင့်ကြည့်ရင်း ပရိသတ်ကြီးကို မျှဝေလိုက်ပါတယ်။

Source - MO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။