Facebook က like and comment ဆိုတာ အသိအမှတ်ပြုမှုတစ်ခုလိုပါပဲ ။ မိတ်ဆွေ သူငယ်ချင်းအချင်းချင်းတောင်ပေးလေ့ရှိတဲ့ like က ချစ်သူတွေအတွက်ဆိုရင်တော့ ပြောမနေပါနဲ့တော့ ။ ကိုယ့်ချစ်သူဘာတင်တင်ကို like ပေးနေတတ်ကြတာပါ ။ ကောင်းပြည့်ကတော့ ဒီလိုမဟုတ်ပါဘူးတဲ့ ။ သူ့ချစ်သူ သန္တာဗိုလ် တင်တဲ့ ပုံတွေမှာ ကောင်းပြည့်ရဲ့ like ကို မတွေ့ရတဲ့အကြောင်းရင်းကို သန္တာဗိုလ်က ထုတ်ပြောပြခဲ့ပုံကတော့ ဒီလိုပါ ။  

" ကိုယ်က ပုံတင်တယ် သူကကြည့်ပြီးရင် ကျေနပ်ပြီး

fb ကထွက်သွားတယ်

Like နဲ့ Cmt ကျတော့မပေးဘူးပြောတော့ပေးစရာမလိုဘူးရင်ဘတ်ထဲမှာ ရှိဖို့ပဲလိုတယ်တဲ့ Kaung Pyae " လို့ သန္တာဗိုလ်က ကောင်းပြည့်ကိုချစ်စနိုးနဲ့ ပြောခဲ့ပါတယ် ။

ကောင်းပြည့်ကတော့ ချစ်သူပုံလေးတွေ မြင်နေရတာကိုပဲကျေနပ်နေပြီး facebook မှာ like မပေးပေမယ့် ရင်ဘတ်ထဲမှာရှိနေပါတယ်လို့ ဖြေလိုက်ပါပြီ ။ ကောင်းပြည့်လို

အပြင်ထုတ်မပြဘဲ ရင်ထဲကပဲနှစ်နှစ်ကာကာချစ်နေတတ်တဲ့ သူတွေရော ပရိတ်သတ်တို့ထဲမှာ ရှိလားဗျိုး ? ချစ်တတ်တဲ့ပုံစံတစ်မျိုးစီမို့ ချစ်သူချင်းနားလည်ရင် အရာရာအဆင်ပြေပြီပဲမဟုတ်ပါလား ပရိတ်သတ်ကြီးရေ ... ကောင်းပြည့်တို့ စုံတွဲလေးကတော့ ချစ်သူသက်တမ်းကြာရှည်လာတာနဲ့ အမျှ အချစ်တွေပိုတိုးလာပြီး နားလည်မှုတွေ အပြည့်နဲ့ ရှေ ့ဆက်လှမ်းနေပုံပါပဲ ။ သူတို့ နှစ်ယောက်ကို အားပေးကြတယ်ဟုတ် ?

သတင်းအရင်းမြစ် Thandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။