အစစအရာရာသာနေတဲ ့ထိုင်းကိုမြန်မာတို ့ဘယ်လိုရင်ဆိုင်မလဲ

ဒီနေ ့ညနေသုံးနာရီခွဲမှာ မြန်မာယူ-၂၁အသင်းနဲ့ထိုင်းယူ-၂၁

အသင်းတို ့ယှဉ်ပြိုင်ကြမှာပါ။မြန်မာယူ-၂၁ဟာ

ဗီယက်နမ်ယူ-၁၉အသင်းနဲ့သရေကျထားပြီး

ထိုင်းယူ-၂၁ကတော ့ဗီယက်နမ်ယူ-၂၁ကိုအနိုင်ကန်ထားပါတယ်။

မြန်မာအသင်းကဗီယက်နမ်ဖိတ်ခေါ်ဖလားမှာအင်အားအနည်းဆုံး

လို ့ပြောလို ့ရပြီးထိုင်းကတော ့ယိုကိုဟားမားအသင်းပြီးရင်

အတောင် ့တင်းဆုံးအသင်းပါ။နှစ်သင်းစလုံးကလာမယ် ့ဖိလစ်ပိုင်ဆီးဂိမ်း

အတွက်ရည်ရွယ်ထားလို ့ဆီးဂိမ်းမတိုင်မီပထမဆုံးအားစမ်းပွဲလို ့တောင်

ပြောလို ့ရပါတယ်။

ထိုင်းနဲ့မြန်မာဟာအစဉ်အလာပြိုင်ဘက်တွေဖြစ်ပြီး

ဒီနှစ်သင်းတွေ ့တိုင်းပြိုင်ဆိုင်မှှုပြင်းထန်လေ့ရှိပါတယ်။

အရှေ ့တောင်အာရှဒါဘီလို ့ညွှန်းဆိုကြတဲ့မြန်မာနဲ့ထိုင်းတွေ ့ဆုံမှုတိုင်းဟာ

စိတ်လှှုပ်ရှားစရာအပြည် ့ပေါ့။ဒါပေမယ့်နောက်ပိုင်းနှစ်တွေမှာတော ့

မြန်မာကထိုင်းကိုမယှဉ်နိုင်ခဲ့တာကြာပါပြီ။လက်ရှိမြန်မာယူ-၂၁

နည်းပြဦးကြည်လွင်ကိုယ်တိုင်စင်ကာပူဆီးဂိမ်းဖိုင်နယ်မှာမြန်မာယူ-၂၃

နဲ့ထိုင်းကိုအရှံှုးပေးခဲ့ရပါတယ်။

လက်ရှိမြန်မာယူ-၂၁ဟာယူ-၁၈ကစားသမားတွေကိုကျောရိုးပြုထားတဲ့

အသင်းလို ့ပြောလို ့ရပြီးမျက်နှာသစ်ကစားသမားတွေအများအပြားပါ၀င်လာတဲ့အသင်းပါ၊

အတွေ ံအကြုံနည်းပါးပေမယ့် ကျားကုတ်ကျားခဲကစားတတ်တဲ့အသင်းဖြစ်ပါတယ်။

ထိုင်းလိုစကေးကောင်းတဲ့ အသင်းကိုယှဉ်ကစားဖို့အတွက်

မြန်မာအသင်းမှာရှိတာကဦးကြည်လွင်ရဲ့နည်းဗျူဟာနဲ့ကြိုးစားမှှုပဲ

မြန်မာအသင်းမှာရှိပါတယ်။

မြန်မာယူ-၂၁နှစ်ဆပိုကြိုးစားနိုင်မှထိုင်းနဲ့ပွဲမှာရလဒ်ကောင်းကိုမျှော်လင့်လို့ရပါမယ်။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။