တရုတ်နှင့်တောင်ကိုရီးယားတို့ကတော့ အိမ်နီးချင်းနိုင်ငံများ ဖြစ်ပါတယ်။ အဆိုပါ တရုတ်နှင့် တရုတ်တောင်ကိုရီးယားတို့နိုင်ငံတွေကတော့ မကြာခဏဆိုသလို နိုင်ငံရေးတင်းမာလေ့ ရှိပါတယ်။ အဆိုပါနိုင်ငံတွေအကြား အခြေအနေက သိပ်အဆင်မပြေလှပါဘူး။ ယခုအခါမှာတော့ တရုတ်သမ္မတနှင့်တောင်ကိုရီးယား သမ္မတတို့ တွေ့ဆုံခဲ့ကြကြောင်း သိရှိရပါတယ်။  

ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ တင်းမာမှုများကို လျှော့ချရန်အတွက် တောင်ကိုရီးယားနှင့် တရုတ် သမ္မတများ ဘေဂျင်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒီဇင်ဘာ ၁၄ ရက်က တရုတ်သမ္မတ စီကျင်းပင်နှင့် တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းတို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ မွန်း၏ ဘေဂျင်း ခရီးစဉ်သည် အရှေ့အာရှ အင်အားကြီး နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပုံမှန်အခြေအနေ ပြန်လည် ရောက်ရှိစေရေး အဓိက ရည်ရွယ်ကြောင်း တောင်ကိုရီးယား သမ္မတရုံးက ကြေညာထားခဲ့ပါတယ်။ မြောက်ကိုရီးယား ဒုံးကျည် ခြိမ်းခြောက်မှုကို ကာကွယ်ရန်အတွက် တောင်ကိုရီးယား ပိုင်နက်တွင် အမေရိကန်၏ THAAD ဒုံးခွင်းဒုံး စနစ်ကို ဖြန့်ကျက်ခဲ့ရာမှ တရုတ်နှင့် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေး အေးစက်မှုများ ပေါ်ပေါက်လာခဲ့တာပါ။ 

THAADတွင် တပ်ဆင်ထားသည့် ရေဒါစနစ်သည် အလွန်အားကောင်းပြီး တရုတ်နိုင်ငံ အတွင်းပိုင်းရှိ စစ်ရေး လှုပ်ရှားမှုများကိုပါ အမေရိကန်က ထောက်လှမ်းနိုင်စွမ်း ရှိလာမည်ဟု တရုတ်က စွပ်စွဲခဲ့သည်။ တရုတ်က THAADကြောင့် ၎င်းတို့၏ လုံခြုံရေးကို ထိပါးလာနိုင်ကြောင်း အရေးဆိုခဲ့သော်လည်း တောင်ကိုရီးယားနှင့် အမေရိကန်တို့ကမူ မြောက်ကိုရီးယား ဒုံးကျည်ပြဿနာကို တုံ့ပြန်ရန်သာ ရည်ရွယ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။ သံတမန်ရေးရာ ဖြေရှင်းမှုများ အဆင်မပြေခဲ့သည့်နောက် တရုတ်က တောင်ကိုရီးယား၏ စီးပွားရေး လုပ်ငန်းကြီး အချို့ကို အရေးယူ တုံ့ပြန်မှုများ ပြုလုပ်လာပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တင်းမာလာခဲ့ခြင်းဖြစ်သည်။ မွန်းကမူ ထိုအခြေအနေကို ညှိနှိုင်းဖြေလျှော့ရန် ရည်ရွယ်ထားသလို နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမို မြှင့်တင်ရေး ဆွေးနွေးလိုကြောင်း ပြောကြားထားသည်။ ၎င်းသည် Samsung၊ LGနှင့် Hyundaiကဲ့သို့ စက်မှုကုမ္ပဏီကြီးများမှ အမှုဆောင်များကိုပါ ဘေဂျင်းသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ သို့သော် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုနှင့် ပတ်သက်သည့် အချက်အလက်များကိုမူ ပြန်ကြားထုတ်ပြန်ခြင်း မရှိသေးချေ။

Source – Reuters, 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။