ပရီးမီးယာလိဂ်ရဲ့အကောင်းဆုံး စံချိန်တင်ထားတဲ့ မန်စီတီးအသင်းကတော့ ယခုလာမယ့် စနေနေ့ည ၁၂ နာရီအချိန်မှာ တော့တင်ဟမ် အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ တော့တင်ဟမ် အသင်းကတော့ မနှစ်ကလည်း မန်းစီးတီး ရူံးပွဲမရှိစံချိန်ကို ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။မန်စီးတီးအသင်းကတော့ ဒီနှစ်မှာ အကောင်းဆုံးကံတွေနဲ့ အကောင်းဆုံးခြေစွမ်းတွေနဲ့ ၁၇ ပွဲကန်ခဲ့ရာ ဆုံးပွဲမကြုံတွေ့သေးသော အသင်းတစ်သင်းလဲဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါး အသင်းကတော့ လက်ရှိအဆင့်၄ နေရာမှာရပ်တည်နေပြီး မန်စီးတီးအသင်းနဲ့ ၁၈မှတ်ကွာနေသောအသင်းတစ်သင်းပဲဖြစ်ပါတယ်။ "ကျွန်တော်တို့အသင်းဟာ မနှစ်ကလည်း မန်စီးတီးအသင်းရဲ့ ရူံးပွဲမရှိစံချိန်ကို ချိုးနိုင်ခဲ့တာဖြစ်ပါတယ်" ဒီနှစ်လည်း မန်စးတီးအသင်းကို အကောင်းဆုံးကစားသွားမှာပါ။" မနှစ်က နိုင်ပွဲကြောင့် ဒီနှစ်ကျွန်တော်တို့ကိုသူတို့ကြောက်ရွံ့နေပုံပါပဲ" လို့ ဒန်နီရို့စ်က ဆိုပါတယ်။ 

တော့တင်ဟမ်ဟော့စပါး အသင်းကတော့ မန်စီးတီးအသင်းကို အဝေကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အကောင်းဆုံးနဲ့ မန်စီးတီးအသင်းရဲ့ရူံးပွဲမရှိ စံချိန်ကိုချိုးနိုင်ဖို့ အဓိကရည်ရွယ်ထားကြောင်း သိရပါတယ်။ လာမယ့် စနေနေ့ မှာကစားသွားမယ့် မန်စီးတီးအသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်း တို့ရဲ့ပွဲဟာ ပွဲစဉ် ၁၈ရဲ့ အကောင်းဆုံးပွဲတစ်ပွဲ ဖြစ်လာမလားစောင့် ကြည့်ရင်း ပရိသတ်ကြီးကို မျှဝေလိုက်ပါတယ်။

Source - DM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။